Tuesday, September 4, 2018

Adrift (2018)

Adrift (2018)
( Romantic & Thriller)
‌IMDb rate 6.7
Rotten Tomatoes rate 73%
‌Adrift ( ​မျောပါခြင်း) ဆိုတဲ့အချစ်​ကား​လေးက ပင်​လယ်​ကိုအ​ပျော်​ခရီး
ထွက်​ရင်း မ​တော်​တဆ​လှေ​မောက်​သွားတဲ့ ချစ်​သူနှစ်​ဦးရဲ့ ၁၉၈၃က
ဖြစ်​ရပ်​​လေးကို ဒီ​နေ့​ခေတ်​ပုံစံအသွင့်​ဖြင့်
ရုပ်​ရှင်​ပြန်​လည်​ရိုက်​ကူးထားတာပါ
‌ဒီကားထဲက ရစ်​ချက်​သရုပ်​​ဆောင်​မင်းသားကို
2016 ခုနစ်​က အင်္ဂလန်​မှာ ရိုက်​ကူးခဲ့တဲ့
အချစ်​ကား​လေး ( me before you) ဆိုတဲ့ကားကိုကြည့်​ဖူးရင်​သိမှာပါ


အဲ့ကားထဲမှာ မင်းသားက wheelchair​ပေါ်ထိုင်​​နေရတဲ့ သူ​ဌေးသားတစ်
ဦးဖြစ်​ပြီး မင်းသမီးက​တော့ မင်းသားကိုပြုစုဖို့အလုပ်
လာလျှောက်​တဲ့​ကောင်​မ​လေး​ပေါ့ ဒီအချစ်​ကား​လေးအဆုံးမှာ
မင်းသားက သူ့ဘဝတစ်​ခုလုံး wheelchair​ပေါ်မှာထိုင်​ရင်းမကုန်​ဆုံးနိုင်
တော့လို့သူ့ကို ​ဆေးထိုးသက်​​ပေးခိုင်းလိုက်​တာပါ တကယ့်​ကို
ရင်​နှစ်​ဖွယ်​ကား​လေးပါ
‌အခုဒီကား​လေးမှာလဲSam Claflinပါဘဲ
အင်္ဂလန်​နိုင်​ငံရဲ့မင်းသားပီပီ မျက်​ခုံးထူထူ နှာတန်​ချွန်​ချွန်
ပါးသိုင်း​မွေး​ရေး​ရေး​လေး​တွေနဲ့ တကယ့်
ကို​ယောက်ျားပြီသတဲ့ရုပ်​ပါဘဲ
‌အခု ဒီ 2018 July လထွက်​ Adrift က
တစ်​ကားလုံး​ပေါင်းမှ ဇာတ်​​ကောင်​၅ဦးဘဲပါတယ်
သမုဒ္ဒရာ​ရေပြင်​နဲ့ ရှုခင်း​တွေက ကြည့်​ရတဲ့သူတဲ့စိတ်​ကို
တကယ်​ ​အေးချမ်း​စေပါတယ်
‌ဇာတ်​လမ်း​လေးက​တော့ဒီလိုရှင့်​…
‌​ကောင်​မ​လေးက ကယ်​လီဖိုးနီးယာပြည်​နယ်​ စန်​ဒီ​ရေးဂိုမြို့က​နေ
ကောင်​​လေး​နေတဲ့ တာဟစ်​တီဆိပ်​ကမ်းမြို့​လေးက
သ​င်္ဘော​ပေါ်မှာအလုပ်​လုပ်​ဖို့​ရောက်​လာပါတယ်
‌​နောက်​​တော့ ​ကောင်​​လေးနဲ့​တွေ့ပြီ
မင်းသားကသူ့​လှေ​ပေါ်မှာညစာလာစားဖို့ဖိတ်​​ခေါ်လိုက်​ပါတယ်
အဲ့ညမှာ​ကောင်​မ​လေးက ပင်​လယ်​ကိုရွက်​လွင့်​တာ
ကြိုက်​မှန်​သိလို့ သူတစ်​ကမ္ဘာလုံးရွက်​လွင့်​ပြီကိုလိုက်​ပြဖို့ခွင့်​​တောင်းပါ
တယ်​ ​နောက်​​နေ့မှ​တော့ ချစ်​သူနှစ်​ဦး အ​ပျော်​စီး​လှေ​လေးနဲ့
ပစိဖိတ်​သမုဒ္ဒရာကြီးကို ဖြတ်​ပြီးရွက်​လွင့်​ကျပါ​တော့တယ်
‌ဟာဇက်​နာဆိုတဲ့မြို့မှ ခန​ဈေးဝင်​ဝယ်​ထွက်​ရင်း
ကောင်​​လေးသူငယ်​ချင်း​ဟောင်းနှစ်​​ယောက်​နဲ့ပြန်​ဆုံပြီး​ဒေါ်လာ
တစ်​​သောင်းရမယ့်​ ကမ်းလှမ်းချက်​တစ်​ခုကိုကမ်းလှမ်းခံရပါတယ်
‌ကမ်းလှမ်းချက်​က ဟာဇက်​နာက​နေ ကယ်​လီဖိုးနီးယာပြည်
စန်​ဒီ​ရေးဂိုကိုသူတို့အစားရွက်​လွင့်​သွား​ပေးရမယ့်​တာဝန်​ပါ
‌အရမ်း​ကောင်းတဲ့အခွင့်​​ရေးဖြစ်​လို့ လက်​ခံလိုက်​ပြီ ချစ်​သူနှစ်​ဦး
ခရီးစထွက်​ရင်း ပစိဖိတ်​သမုဒ္ဒရာမှာ အ​မေရိကားအလယ်​ပိုင်းကို
အားပြင်းပြင်းနဲ့ဝင်​​ရောက်​တိုက်​ခတ်​လာတဲ့
လေမုန်​တိုင်းတစ်​ခုမိသွားခဲ့ပါတယ်
‌ထိုမုန်​တိုင်း​ကြောင့်​ ​လှေ​မှောက်​ပြီး ပစိဖိတ်​ထဲမှာ ၄၁တစ်​ရက်​အထိ
အသက်​ရှင်​​အောင်​​နေထိုင်​ခဲ့တဲ့
လူငယ်​စုံတွဲနှစ်​​ယောက်​ရဲ့ဖြစ်​ရပ်​မှန်​​လေးကိုရိုက်​ကူးထားတာပါ

‌CM ကပရိတ်​သတ်​​တွေ ဒီကားကိုကြည့်​ရင်​ အဆုံးကျရင်
”ဟာ”ကနဲဖြစ်​သွား​စေရမယ်
‌ကျွန်​မဒီ​လောက်​ထိဘဲ ဇာတ်​ကားကိုမိတ်​ဆက်
ပေးလိုက်​ပါတယ်
‌ဟုတ်​CM ပရိတ်​သတ်​​တွေ
ကြိုက်​နှစ်​သက်​မယ်​လို့ ထင်​ပါတယ်
‌# Little Cherry Cole







😁😁😁😁😁😁


😁😁😁

No comments:

Post a Comment