Big Hero 6 (2014) မြန်မာစာတမ်းထိုး
ဟီရိုဟာမန်ဒါကစက်ရုပ်တွေနဲ့တိုက်ခိုက်ရတာကိုဝါသနာအလွန်ပါသောကောင်လေးတစ်ယောက်ဖြစ်ပါတယ် အကိုဖြစ်သူတာဒါရှီဟာမန်ဒါကစက်ရုပ်တွေနဲ့တိုက်ခိုက်တာဟာတရားမဝင်ဘူးအဖမ်းခံရနိုင်တယ်ပြောပေမဲ့ညီဖြစ်သူကခေါင်းမာတဲ့အတွက်တားမရတဲ့အဆုံးသူတက်နေတဲ့ကျောင်းကိုခေါ်သွားခဲ့ပါတယ် အကိုဖြစ်သူကျောင်းရောက်တဲ့အခါစမ်းသပ်တီထွင်မှုတွေကိုတွေ့ပြီးအကိုဖြစ်သူတက်နေတဲ့ကျောင်းကိုတက်ချင်စိတ်ဖြစ်လာပါတော့တယ် ဒီကျောင်းကိုဝင်ခွင့်ရဖို့ဆိုရင်အကောင်းဆုံးတီထွင်မှုကိုပြနိုင်ရမယ်ဆိုတာကြောင့်ဟီရိုဟာမိုက်ခရိုဘော့တခုကိုတီထွင်ခဲ့ပါတယ် အဲ့ဒီမိုက်ခရိုဘော့လေးဟာအစိတ်အပိုင်းတွေအများကြီးပေါင်းစပ်လိုက်မယ်ဆိုရင်လူသားတွေလိုသလိုအသုံးပြုလို့ရပြီးအလိုရှိသလိုလဲစေခိုင်းလို့ရတာကြောင့်ပါမောက္ခခရေးဟာငွေနဲ့ဝယ်ယူဖို့ဟီရိုကိုကမ်းလှမ်းခဲ့ပါတယ် ဒါပေမဲ့ဟီရိုကလက်မခံခဲ့ပါဘူး အဲ့အချိန်မှာဘဲသူတို့ရှိနေတဲ့အဆောက်အအုံကြီးမီးလောင်မှုဖြစ်ပြီးသူ့ရဲ့မိုက်ခရိုဘော့တွေအကုန်ဆုံးရှုံးခဲ့တဲ့အပြင်သူ့အကိုတာဒါရှီနဲ့သူ့ရဲ့ဆရာကယ်လဟန်ပါသေဆုံးသွားပါတယ် အကိုသေဆုံးမှုကြောင့်ဝမ်းနည်းနေတဲ့သူ့ကို သူ့အကိုတီထွင်ပေးခဲ့တဲ့ကျန်းမာရေးစက်ရုပ်လေးဘေးမက်ခ်ျကကူညီပေးရင်းသူ့တီထွင်ခဲ့တဲ့ မိုက်ခရိုဘော့လေးနဲ့ပတ်သက်ပြီးဘယ်လိုပြသနာတွေဖြစ်လာမယ်ဆိုတာ ဒီဇာတ်ကားလေးမှာဆက်လက်ကြည့်ရှုရအောင်
Translated & Reviewed by Myat N. Wai
Encoded by k
Quality Bluray
Size 350 MB
IMDB 7.8
Genres Animation, Action, Adventure
Runtime 1h 42min
😁😁😁😁😁😁
😁😁😁
No comments:
Post a Comment