Friday, August 10, 2018

Occupation 2018

Occupation 2018 မြန်​မာစာတန်းထိုး

**************************
Occupationဆိုတဲ့ ဇာတ်ကားလေးကတော့ 2018ထွက်ဖြစ်ပြီးတာ့ action အမျိုးအစားဖြစ်ပါတယ် IMDB rating 4.4 ရရှိထားတာ ဖြစ်ပြီးတော့ အနာဂတ်စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာ စည်းလုံးမှုဆိုတာ ပြင်ပရန်ပေါ်ပေါက်လာမှ သိသိသာသာ တွေ့မြင်ရတယ်ဆိုတာကို ပြောပြထားပါတယ်။ လူတွေရဲ့ စရိုက်မျိုးစုံကို ဖော်ပြထားပြီးတော့ စိတ်လှုပ်ရှားရတဲ့အပိုင်း၊ ဝမ်းနည်း ဝမ်းသာ ရတဲ့ အပိုင်းတွေကို မပျင်းရလေအောင် တင်ဆက်ထားပါတယ်။ ထူးခြားတာက စစ်အတွင်းမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေက အတိုက်အခိုက်မလုပ်ရတဲ့ နယ်ပယ်တွေက လာတာပါ။ ဘောလုံးသမားဆိုပေမဲ့ စစ်ဖြစ်လာတဲ့အခါ ကိုယ်ရဲ့ မိသားစုကို ထိခိုက်လာတဲ့အခါ ပြန်လည် တိုက်ခိုက်ရတာပါပဲ ကျေးလက်ဒေသရဲ့ မြို့လေးတစ်မြို့ဟာ အေးအေးချမ်းချမ်း ရှိပြီးတော့ မြို့ပေါ်က လူတွေကလည်း ပျော်ပျော်ရွှင်ရွှင် နဲ့ ဘဝကို ဖြတ်သန်းနေကြတဲ့အချိန်မှာ ကမ္ဘာပြင်ပက ဂြိုလ်သားတွေက ကျူးကျော်လာပါတယ်။ မြို့သူမြို့သားတွေက ဒါကို တိုက်ထုတ်ကြမလား အညံ့ခံကြမလား ညှိနှိုင်းပြီး နေထိုင်ကြမလား လားပေါင်းများစွာနဲ့ အဆုံးသတ်ကို စိတ်ဝင်တစား ကြည့်ကြရမှာ ဖြစ်ပါတယ်
Reviewed by Thae Su Nway
Translated by Thae Su Nway
Encoded By John Burgoyne
1080p.Web_DL 599.25 MB (Openload)





😁😁😁😁😁


😁😁😁

No comments:

Post a Comment