Wednesday, August 8, 2018

Love Forecast(fb link)

**Love Forecast  မြန်မာစာတန်းထိုး **

Love Forecast
ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ခုလက်ရှိ FB ပေါ်က စကားနဲ့ပြောရရင် Cele တစ်ယောက်ရဲ့ နောက်ကွယ်က သရုပ်အမှန် ၊ သံယောဇဉ်ကြိုးဇာတ်လမ်းအချိတ်အဆက်လေးတွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ တမျိုးလွမ်းစရာကောင်းအောင် ရိုက်ကူးထားတာဖြစ်ပါတယ်ခင်ဗျ။
ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ.. ငယ်ကတည်းက ကြိတ်ကြွေခဲ့ရပြီး ခုအရွယ်ထိ Friendzone ထဲမှာ ပိတ်မိနေသူတွေ ရှိနေရင် ဒီ Love Forecast က ငိုချက်ရက် လက်တို့ ဖြစ်နေမှာအမှန်ပဲလို့ ဆိုချင်ပါတယ်။ :D
Mood of the day မင်းသမီး Moon Chae-won ရဲ့ သွက်လက်တဲ့ အမူအရာတွေ တွေနဲ့ ဒီ Loveforecast မှာ. ဂင်ယောင်းနုဟာ.. မိုးလေ၀သ အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့အပြင်.. သူမရဲ့အသွင်အပြင်ကြောင့် နာမည်ကျော်ကြားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် မထင်ရတာတစ်ခုက သူမဟာ.. နှုတ်သီးကောင်းလျှာပါးတစ်ယောက်ဖြစ်တဲ့အပြင်.. အလွန်အကျွံ အသောက်ကြူးသူတစ်ယောက်လဲ ဖြစ်နေတာပါပဲ။ သူမမှာ. ငယ်စဉ်ကလေးဘ၀ကတည်းက ..ခင်တွယ်လာရတဲ့ ဂန်ဂျွန်ဆူး ဆိုတဲ့ကျောင်းဆရာလေးတစ်ယောက်ရှိပါတယ်။ ဂျွန်ဆူဟာ ဘယ်လိုပဲ နေနေ အချစ်ကံခေတဲ့အတွက်ကြောင့်မို့.. ယောင်းနုကိုတကယ်ချစ်ခင်ပေမယ့်လဲ.. ဝေးကွာခဲ့ရပါတယ်။ ယောင်းနု တစ်ယောက်အတွက်တော့ ဂျွန်ဆူကို friendzone ရဲ့ အပြင်ကို ကျော်လို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။ တကယ်တမ်း... ယောင်းနုမှာ.. အခက်အခဲတွေ ကြုံလာရတဲ့အခါတိုင်း ရှိနေပေးတတ်ခဲ့တဲ့... ဂျွန်ဆူ နဲ့ ယောင်းနု ရဲ့ တကယ့် ဖူးစာရှင်အစစ်ကဘယ်သူလဲ.. နောက်ထပ် ယောင်းနုရဲ့.. တခြား ရင်ခုန်သံတွေက ဘာတွေဖြစ်မလဲဆိုတာ.......


No comments:

Post a Comment