Sunday, August 12, 2018

Dest Boyz (fb link)

မကြည့်​ရ​သေးတဲ့fri​တွေအတွက်​ပါ👇
မြန်မာစာတန်းထိုး 

ဒီကားလေးကတော့ Bollywood ကားတွေထဲမှာ Old But Gold လို့ပြောလို့ရတဲ့အထိကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတယ်…ဇာတ်လမ်းအညွှန်းကတော့ နစ်နဲ့ဂျယ်ရီဆိုတဲ့ အလွန်ချစ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်..သူတို့ဟာ တစ်အိမ်ထဲမှာအတူတူနေကြပြီးတော့တစ်ယောက်ကိုအလုပ်တစ်ခုစီနဲ့အောင်မြင်အောင်ကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်..
နစ်ကတော့ စီးပွားရေးဘွဲ့တစ်ခုရပြီးတော့ အထက်တန်းကျကျအလုပ်တစ်ခုမှာအလုပ်လုပ်နေပါတယ်…ရိုးသားတဲ့ ဂျယ်ရီတစ်ယောက်ကတော့ ကြုံရာကျပန်းလုပ်တဲ့သူဖြစ်ပြီးတော့ကျောင်းပြီးအောင်ဆက်မတက်တော့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်….သူတို့နှစ်ယောက်စလုံးရဲ့ဘ၀တွေဟာ အလုပ်တွေရှိစဉ်အချိန်ကတောက်တောက်ပြောင်ပြောင် ဖြစ်နေပေမယ့်သူတို့နှစ်ယောက်ကံဆိုးစွာနဲ့ အလုပ်လက်မဲ့ ဖြစ်လာတဲ့အခြေနေမှာတော့နှစ်ယောက်စလုံးအကျပ်ရိုက်ကုန်ကြပါတော့တယ်…နစ်လည်းသူ့ကောင်မလေးကို မင်္ဂလာဆောင်ဖို့တောင်အနိုင်နိုင်ဖြစ်သွားခဲ့ရပြီးဂျယ်ရီတစ်ယောက်မှာလည်း သူအရမ်းချစ်ရတဲ့ကလေးလေးကို ပိုင်ဆိုင်ခွင့်ဆုံးရှုံးရမယ့် အခြေနေကိုရောက်လာပါတော့တယ်…ဒီအချိန်မှာ သူတို့နှစ်ယောက်အတွက် လက်တစ်စုံဟာကျရောက်လာပါတယ်…ဒါကတော့ Desi Boyz ပိုင်ရှင်ဟာ သူတို့ရဲ့ တောင့်တင်းလှတဲ့ကိုယ်အရွယ်အစားတွေကိုမျက်စိကျသွားတာကြောင့်ပါ….Desi Boyz ဆိုတဲ့ အသုံးအနှုန်းကိုနားမလည်သူတွေအတွက် ပြောပြပါရစေ..Desi Boyz ဆိုတာ ဆွဲဆောင်မှု့ရှိတဲ့ အမျိုးသားတွေကအလိုဆန္ဒရှိတဲ့အမျိုးသမီးတွေအတွက် Personal Privacy လုံခြုံမှု့ရှိတဲ့ဖျော်ဖြေရေးဝန်ဆောင်မှု့ဖြစ်ပါတယ်…(18+ လုံးဝမပါပါ….)ဒီလိုမိန်းကလေးတွေနဲ့ပျော်ပါးနေရတဲ့ အလုပ်ကို နစ်ရဲ့ကောင်မလေးသိသွားတဲ့အခါပြသနာတွေ အကုန်စလာပါတော့တယ်….Bollywood ကားတွေရဲ့ထုံးစံအတိုင်း သီချင်းတွေကတော့တကယ်ကိုအမိုက်စားတွေပါ…ခဏခဏပြန်နားထောင်ရတဲ့အထိကိုကောင်းလွန်းပါတယ်…မိသားစုနဲ့အတူတူ ရယ်မောရင်းနဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်ဆိုရင်တော့ဒီကားလေးကို ညွှန်းပါရစေ…အားလုံးကြိုက်နှစ်သက်ကြမယ့် ကားကောင်လေးတစ်ကားဖြစ်ပါတယ်….



😁😁😁😁😁



😁😁😁😁




No comments:

Post a Comment