Tuesday, August 7, 2018

The Kissing Booth (2018)

The Kissing Booth (2018) မြန်မာစာတမ်းထိုး
Synopsis
I love you ဆိုတဲ့ စကား​လေးဟာ ချစ်​သူရည်းစား​တွေအတွက်​ပဲ မဟုတ်​ပါဘူး
အရမ်းချစ်​ကြတဲ့သူငယ်​ချင်း​တွေလည်း​ပြောလို့ရပါတယ်​…
မိန်းက​လေးတစ်​​ယောက်​နဲ့ ​ယောက်ျား​လေးတစ်​​ယောက်​သူငယ်​ချင်းဖြစ်​​နေရင်​​တောင်​ ​ပြောလို့ရပါတယ်​…
ဒီကား​လေးမှာ​တော့ ​မွေး​နေ့ တစ်​ရက်​တည်းမှာ​မွေးတဲ့ Elle နဲ့ Lee တို့ သူငယ်​ချင်းနှစ်​​ယောက်​ဟာ ငယ်​စဉ်​ကတည်းက သူငယ်​ချင်းစည်းမျဉ်း​တွေသတ်​မှတ်​ပြီး အရမ်းခင်​ကြတဲ့ အကဝါသနာရှင်​သူငယ်​ချင်းနှစ်​​ယောက်​ပါ…Lee ရဲ့ အစ်​ကိုဖြစ်​တဲ့ Noah ကို​တော့ Elleက ငယ်​ငယ်​ကတည်းကသ​ဘောကျခဲ့ပါတယ်​…ဒါ​ပေမယ့်​ သူငယ်​ချင်းနှစ်​​ယောက်​သတ်​မှတ်​ထားတဲ့စည်းမျဉ်းနံပါတ်​ ၉ က…
အချစ်​ဆုံးသူငယ်​ချင်းရဲ့အမျိုးကိုမကြံရဘူး…ဆိုတာပါ…
Elleတစ်​​ယောက်​ တစ်​သက်​လုံးစည်းမျဉ်းစည်းကမ်း​တွေကို ထိန်းသိမ်းခဲ့​ပေမယ့်​ အနမ်းတစ်​ပွင့်​နဲ့ ​ထိ​တွေ့ခွင့်​ရခဲ့တဲ့အခါမှာ​တော့…..
ဒီကား​လေးမှာသူငယ်​ချင်းနှစ်​​ယောက်​ကြားက ဖြူစင်​တဲ့​မေတ္တာကို​ကော…
ချစ်​သူနှစ်​​ယောက်​ကြားကစစ်​မှန်​တဲ့​မေတ္တာကိုပါ Dramaကျကျ ခံစား​စေရမှာပါ….
မင်းသမီး​လေး Joey King ရဲ့ ချစ်​စရာ​ကောင်းတဲ့သရုပ်​​ဆောင်​ချက်​​တွေနဲ့ ဒီကား​လေးကိုဘယ်​လိုပုံ​ဖော်​ထားလဲဆိုတာ ကြည့်​ကြည့်​လိုက်​ကြပါဦး…
Reviewed and translated by Arkar Win Ag
Encoded by k
Quality Webdl
Size 400 MB
IMDB 6.5
Genres Comedy, Romance
Running Time 1h 45min





😁😁😁😁😁😁


😁😁😁😁




No comments:

Post a Comment