Tuesday, August 7, 2018

The Crucifixion (2017)

The Crucifixion (2017) မြန်မာစာတမ်းထိုး
The Crucifixion (2017) ဟာ ၂၀၀၅ ခုနှစ်က ရိုမေးနီးယားမှာ ပယောဂပူးလို့ သေသွားရတယ်ဆိုတဲ့ ဖြစ်ရပ်မှန် တစ်ခုကို အခြေပြုကာ ရိုက်ကူးခဲ့တာ ဖြစ်ပါသတဲ့။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ကော်နစ်ချီဆိုတဲ့ မိန်းကလေးဟာ ပြင်းထန်တဲ့ စိတ်ရောဂါ ဖြစ်လာခဲ့တယ်။ ဘုန်းတော်ကြီး ကော်ရိုဂျီယာနုဟာ မကောင်းဆိုးရွား ပူးကပ်တယ်လို့ သံသယဖြစ်ခဲ့တဲ့အတွက် သီလရှင်အချို့ရဲ့ အကူအညီနဲ့ သူမကို လက်ဝါးကပ်တိုင်မှာ ရက်အတန်ကြာ ချည်ထားခဲ့တယ်။ သူမ သေဆုံးသွားတဲ့အခါမှာတော့ ဘုန်းတော်ကြီးနဲပ သီလရှင်တွေဟာ လူသတ်မှုနဲ့ ထောင်ကျသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ဒါရိုက်တာ ယာဗျာဂျန်းစ်က နာမည်တွေ နေ့စွဲတွေ ပြောင်းလဲပေမယ့် မူလဇာတ်လမ်းကို မပြောင်းလဲဘဲ ရိုက်ကူးခဲ့တာ ဖြစ်ပါသတဲ့။ ဇာတ်လမ်းမှာတော့ သေသွားတဲ့ မိန်းကလေးရဲ့ အစ်မ သတင်းထောက် နစ်ကိုးလ်ဟာ သူ့ညီမ သေဆုံးရတဲ့ အကြောင်းကို လိုက်လံစုံစမ်းရင်း ကြောက်မက်ဖွယ် အဖြစ်ဆိုးများနဲ့ ရင်ဆိုင်လာရပုံကို တင်ပြထားပါတယ်။ သူ့ညီမဟာ တကယ်ပဲ မကောင်းဆိုးရွား ပူးကပ်ခံရတဲ့ အထောက်အထားတွေ တွေ့လာတဲ့အခါမှာတော့ ဘုန်းတော်ကြီးဟာ နတ်ဆိုးနဲ့ ရင်ဆိုင်ရာမှာ ကျရှုံးခဲ့သလားလို့ သံသယ ၀င်လာပါတော့တယ်။ ဒီကားကို Anabelle နဲ့ The Conjuring 2 တို့ကို ထုတ်လုပ်ခဲ့တဲ့ ပရိုဂျူဆာတွေကပဲ ထပ်မံတင်ဆက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သရဲကားဆိုတာထက် ဖြစ်ရပ်ဆန်းကြယ်ကားလို့ ပြောကြပါတယ်။ GC ပရိသတ်တွေထဲမှာ သတ္တိခဲတွေ အများကြီး ရှိမယ်ဆိုတာ ယုံလို့ ခုတလော သရဲကားတွေချည်း တင်ပေးနေတာပါခင်ည။
Reviewed by Jason X
Translated & Reviewed by Aung Myint Oo
Quality Blueray
Size 640 MB
IMDB 5.0
Genres Horror, Mystery, Thriller






😁😁😁😁😁



No comments:

Post a Comment