Tuesday, August 7, 2018

Pirates of the Caribbean (2017)

Pirates of the Caribbean: Dead Men Tell No Tales

Pirates of the Caribbean: Dead Men Tell No Tales (2017)

IMDb : 7.0



ကပ္ပတိန် ဂျက်စပဲရိုးဆို ကလေးကအစ မျောက်အဆုံး သိကြမှာပါ။ ခွေးမဟုတ်ဘဲ မျောက်လို့ ပြောရတာက Flying Dutchman သင်္ဘောကြီးပေါ်က မျောက်ကို ပြောတာပါ။ ဒီဇာတ်လမ်းထဲမှာ ဂျက်စပဲရိုးအပြင် နောက်ထပ်ဇာတ်ကောင် အသစ်တွေ ပါလာတယ်ဆိုတော့ spinoff ထပ်ထွက်ဖို့ အစပျိုးထားသလားတော့ မသိပါဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက Pirates of the Caribbean: At World’s End (2007) မှာ ဝေလ်တာနာ တစ်ယောက် ကျိန်စာမိခဲ့ပါတယ်။ အဲဒီကျိန်စာက ဆယ်နှစ်ကြာမှ တစ်ကြိမ် ရေပေါ်ကို ပြန်တက်လာခွင့်ပဲ ဖြစ်ပါတယ်။ Pirates of the Caribbean: At World’s End (2007) ကို ရုံစတင်တာ May 25, 2007 ဖြစ်ပြီး Pirates of the Caribbean: Dead Men Tell No Tales (2017) ကို May 26, 2017 မှာ ရုံတင်ခဲ့တာ ဆိုတော့ ကျိန်စာနေ့စွဲ အတိအကျလို့တောင် ပြောလို့ ရပါသေးရဲ့။

သည်ဇာတ်လမ်းအစကတော့ ဝေလ်ရဲ့သား ဟင်နရီက သူ့အဖေ ရေပေါ်ကို ပြန်ပေါ်လာချိန်မှာ ကျိန်စာက လွတ်အောင် လုပ်မယ်လို့ ကတိပေးလိုက်ပါတယ်။ ဒီတော့ ပင်လယ်သမုဒ္ဒရာအကြောင်း နောကြေနေတဲ့ ဂျက်စပဲရိုးကို ရှာရပါတော့မယ်။ ဝေလ်ရဲ့ ကျိန်စာကို ဖျက်ဆီးဖို့ ပင်လယ်နတ်ဘုရား ပိုဆိုက်ဒွန်ရဲ့ သုံးမြှောင့်လှံကို ရှာရပါမယ်။ လှံကို ရှာရမယ့် မြေပုံကို သိတဲ့သူက ကာရီနာ စမစ်လို့ခေါ်တဲ့ လျှို့ဝှက်ချက်များစွာနဲ့ မိန်းကလေးပါ။ ဂျက်ကို အသေအလဲ လိုက်ရှာနေသူ နောက်ထပ် ဗီလိန်ကြီး တစ်ယောက်ကတော့ ကပ္ပတိန် ဆလဇာဆိုတဲ့ မိစ္ဆာကြီးပါပဲ။ သူတို့ခရီးစဉ်ကို မမျှော်လင့်တဲ့ ဧည့်သည်တစ်ယောက်လည်း ပါလာတယ်။ သူကတော့ Black Pearl သင်္ဘောကြီးရဲ့ ကပ္ပတိန် ဘာဘိုဆာပါပဲ။

ဟင်နရီ၊ ကာရီနာ၊ ဂျက်စပဲရိုး၊ ဆလဇာ၊ ဘာဘိုဆာတို့သာမက ဝေလ်ရော သူ့ဇနီးချော အယ်လိဇဘက်ပါ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ဆုံကြမှာဆိုတော့ Pirates of the Caribbean: Dead Men Tell No Tales (2017) ဟာ Pirates Series ထဲမှာ မိသားစု တွေ့ဆုံပွဲလို့ ပြောရမလား။ ဘာပဲဖြစ်ဖြစ် နောက်ထပ်အဆက် ထွက်လာမယ်ဆိုရင်တောင် သည်ဇာတ်လမ်းကျောရိုးက ချိတ်ဆက်ဖို့ အသင့်ဖြစ်နေတာဆိုတော့ လက်လွတ်ခံလို့ မရတာတော့ အမှန်ပါပဲ။

ကပ္ပတိန် ဆလဇာကတော့ ဒီလို ခြိမ်းခြောက်ပါတယ်။ “သေသွားတဲ့ သူတွေက ယုံတမ်းစကားတွေ မပြောတတ်ဘူး” တဲ့။



Translated by Scarlet Phoenix & Phyo Kyaw Swar

Encoded by Waiyan

Size  460 MB



😁😁😁😁😁


😁😁😁



No comments:

Post a Comment