Padman (2018) မြန်မာစာတမ်းထိုး
ဇာတ်လမ်းလေးက Laxmi နဲ့ Gayatri တို့ရဲ့လက်ထပ်ခြင်းဖြင့်စပါတယ် Laxmi သည်သူ့ဇနီးGayatri ကို အရမ်းချစ်ပြီး သူ့ဇနီးပျော်ရွှင်မှုအတွက်ဆိုဘာမဆိုလုပ်ဖို့အသင့်ပါ သူတို့ရွာမှာမိန်းကလေးတွေဟာ ဓမ္မတာလာတဲ့ငါးရက်ကို အိမ်အပြင်မှာနေရပါတယ် ပြီးရင် အမျိုးသမီးလစဉ်သုံးပစ္စည်းကိုသုံးမယ့်အစား ညစ်ပတ်နေတဲ့အဝတ်စုတ်တွေကိုသုံးကြပါတယ် တစ်နေ့ Gayatri ဓမ္မတာလာ၍ အိမ်အပြင်မှာနေ အဝတ်စုတ်တွေသုံးနေတာကို Laxmi တွေ့တဲ့အခါ Laxmi ကသူ့မိန်းမကိုဒီ အဝတ်စုတ်တွေသုံးပြီး ရောဂါမရစေချင်သောကြောင့် ဆိုင်မှာ လစဉ်သုံးပစ္စည်းသွားဝယ်ပေးပါတယ် သို့သော် သူ့မိန်းမက ဈေးကြီးသောကြောင့်မသုံးလိုပါ ရွာက တခြားအမျိုးသမီးတွေလည်းမသုံးတာကြောင့်နဲ့ ဒီလိုလတိုင်းသုံးနေရင် ကုန်ကျစရိတ်တွေများနေမှာမို့လို့ပါ ဒါကြောင့် ဂိုက်သရီးက သူကိုယ်တိုင် ဒီပစ္စည်းကို ဈေးနည်းနည်းနဲ့ရအောင်လုပ်ပါတယ် ဒါပေမယ့် ကျရှုံးပြီးရင် ကျရှုံး စမ်းသပ်ပြီးရင် စမ်းသပ် ရွာကအမျိုးသမီးတွေကိုလည်း စမ်းသပ်ခိုင်းတာကြောင့် သူတို့တစ်မိသားစုလုံးအရှက်ကွဲခဲ့ရပါတယ် Gayatri ကိုလည်း သူမအကိုတွေပြန်ခေါ်သွားတာမို့ Laxmi က ဖြစ်ချင်တာဖြစ်ပါစေ သူ့မိန်းမကိုရောဂါမရအောင်ကာကွယ်မယ်ဆိုပြီး ဈေးနည်းတဲ့ပတ်ကို ထုတ်ဖို့ မြို့တက်ခဲ့ပါတယ် သူ့ရဲ့ဇနီးအတွက်သူရဲ့ညီမတွေအတွက် ရွာမှာရှိတဲ့အမျိုးသမီးတွေအားလုံးရောဂါမရအောင်ကာကွယ်မယ်ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ဟာ အောင်မြင်မလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ
Translated & Reviewed by Myo Myo
Encoded by k
Quality Webdl
Size 350 MB
IMDB 8.3
Genres Biography, Comedy, Drama
Runtime 2h 20min
😁😁😁😁😁😁
No comments:
Post a Comment