Duck Duck Goose 2018 မြန်မာစာတန်းထိုး
**************************
ငန်းတွေအကြောင်းပြောရရင် ငန်းတွေဆိုတာ ဘယ်သတ္တဝါကိုမှ မကြောက်တဲ့ ငှက်အဖြစ်သိထားကြပါတယ်။ သူတို့လမ်းကို လာပြီဆိုရင် ရန်မှုပြီးတိုက်ခိုက်တတ်ကြတယ်။ အဲဒီအပြင် ပျံသန်းနိုင်ပြီး ရာသီအလိုက်ရွှေ့ပြောင်းနေထိုင်တတ်ကြတဲ့ သတ္တဝါတွေဖြစ်ကြပါတယ်။ ဒီ အန်နီမေးရှင်းကားလေးထဲမှာတော့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး အခြားဘယ်သူကိုမှ မထင်မကြီးတဲ့ ငန်းတစ်ကောင်အနေနဲ့ ဖန်းကိုတွေ့ရမှာပါ။ သူကအဲဒီအပြင် ကမြင်းကြောလည်း ထတက်တယ်။ တစ်ခေါက် ဘဲအုပ်လေးတစ်အုပ်ကို တိုက်မိပြီး အားလုံးတကွဲတပြားဖြစ်အောင် လုပ်ခဲ့သေးတယ်။ ဖန်းက အဲဒီငန်းအုပ်ထဲမှာ သူများနဲ့မတူဘဲ တစ်ကောင်ထဲ ကိုယ့်သဘောအတိုင်း ကိုယ်နေချင်တဲ့ကောင်မျိုးပေါ့။ သူများတွေ ရာသီတန်လို့ ရွှေ့ပြောင်းတဲ့အချိန်ဆို အတူတူမလိုက်ဘဲ အေးဆေးနေပြီးမှ တစ်ကောင်ထဲ အနောက်ကနေ သီးသန့်ဘာတာဝန်မှမယူဘဲ သွားချင်တဲ့သူပါ။ အဲဒီလိုနဲ့တစ်ရက် ဆောင်းရောက်ခါနီး သူတို့တွေ အခြားနွေးတဲ့ဒေသကို ပြောင်းဖို့အတွက် ပြင်ဆင်ကြတာပေါ့။ အဲဒီမှာ ဖန်းကထုံးစံအတိုင်း အေးဆေးမှလိုက်မယ်ဆိုပြီး ညဖက်အားလုံးထွက်သွားကြတဲ့အချိန်မှာ မနက်မှအေးဆေးသွားမယ်ဆိုပြီး ကောင်းကောင်းအိပ်နေတာပေါ့။ အဲဒီညမှာ သူတစ်ရက်က တိုက်ခဲ့တဲ့ဘဲလေးအုပ်ထဲက အဖွဲ့ကွဲသွားတဲ့ ဘဲလေးနှစ်ကောင်က ကြောင်ဆိုးကြီးလိုက်လို့ ထွက်ပြေးရင်းနဲ့ ဖန်းရှိတဲ့နေရာဆီကို ရောက်လာတာပေါ့။ ဖန်းကလည်း အဲဒီကြောင်ဆိုးကြီးကို ငန်းဆိုတဲ့အတိုင်း တိုက်ခိုက်ပြီး မောင်းထုတ်လိုက်တယ်။ အဲဒီမှာ ဘဲလေးနှစ်ကောင်က ဖန်းကိုအထင်ကြီးသွားတယ်။ ဒါနဲ့ဖန်းနားမှာနေတာ စိတ်ချရတယ်ဆိုပြီး ဖန်းနားကနေ မသွားကြတော့ပဲ သူတို့အရင်အဖွဲ့ဆီကို ပြန်ပို့ပေးဖို့ ဖန်းကိုအကူညီတောင်းတော့တယ်။ ဖန်းကလည်း အကူညီပေးတဲ့ကိစ္စတွေကို စိတ်မဝင်စားတဲ့ကောင်ဆိုတော့ ဘဲလေးတွေကို သူတို့အုပ်စုဆီကို ပြန်မခေါ်သွားပေးဘူးပေါ့။ သူ့ကြောင့်ဘဲလေးတွေကွဲသွားပေမဲ့ သူကအဲလို တာဝန်ယူတတ်တဲ့ သူစားမျိုးလည်း မဟုတ်ဘူးလေ။ ဒါနဲ့အဲဒီမနက် သူ့ရဲ့ငန်းအုပ်နောက်ကို လိုက်ဖို့လုပ်ရင်းနဲ့ မောင်းဝိုင်းကြီးတစ်ခုက သူ့အတောင်ကို ကြိတ်မိပြီး ပျံလို့မရဖြစ်သွားပါလေရော။ ဒီလိုပုံစံဆို သူ့အုပ်စုရှိတဲ့နေရာကို အမီလိုက်ဖို့မဖြစ်နိုင်တော့ဘူး မလိုက်ဘဲနေမယ်ဆိုရင်လည်း ဆောင်းတွင်းမှာ အေးခဲပြီးသေဆုံးဖို့ပဲရှိတော့တာပေါ့။ ဒါနဲ့အရင်သူဒုက္ခပေးခဲ့တဲ့သူတွေဆီ အကူညီတောင်းတော့ ဘယ်သူမှသူ့ကို အကူညီပြန်မပေးကြဘူးပေါ့။ အတောင်ကျိုးငှက်ဆိုတော့ အေးခဲပြီးသေရင်သေ၊ မသေရင် အခြားသားရဲတွေစားလို့ သေဖို့ပဲရှိတော့တာပေါ့။ ဒါနဲ့သူက ဒီလိုတွေးလိုက်မိတယ် သူ့အရင်ငြင်းလွတ်ခဲ့တဲ့ ဘဲလေးတွေကို သူနဲ့အတူတူခေါ်သွားမယ်ဆိုရင် အန္တရာယ်ကြုံတဲ့အခါ သူကဘဲလေးတွေထက် မြန်မြန်ပြေးနိုင်တော့ သူလွတ်နိုင်မယ်ဆိုပြီး မကောင်းတဲ့အကြံနဲ့ ဘဲလေးတွေကို သူ့တို့အုပ်စုဆီကို ပြန်လိုက်ပို့ပေးမယ်ဆိုပြီး ပြန်သွားခေါ်တာပေါ့။ ဒါနဲ့ဘဲလေးတွေက ယုံပြီးတော့ သူနဲ့လိုက်လာခဲ့ကြတယ်။ အဲဒီမှာ သူအရင်မောင်းထုတ်လိုက်တဲ့ ကြောင်ဆိုးကြီးက သူတို့နောက်ကို လိုက်လာပြီးတော့ ဒုက္ခပေးပါတော့တယ်။ ဒီတစ်ခေါက် ဖန်းမှာက အတောင်ကြိုးသွားပြီဆိုတော့ အရင်လိုမတိုက်ခိုက်နိုင်တော့ဘူးပေါ့။ ဒီလိုနဲ့သူတို့တွေ အဲဒီကြောင်ဆိုးရန်နဲ့သဘာဝဘေးရန်ကနေ အလွတ်ရုန်းကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဘဲလေးတွေက တကိုယ်ကောင်းဆန်တတ်တဲ့ငန်းကြီးရဲ့ စိတ်တွေကို ဘယ်လိုပျော့သွားအောင် ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်ရှင်းရင်း ပျော်ရွှင်စရာ ဝမ်းနည်းစရာရသတွေကို ကြည့်ရူခံစားရမဲ့ အန်နီမေးရှင်း ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
Reviewed by Kyar Gyi
Translated by Kyar Gyi
Encoded By John Burgoyne
1080p.Bluray 600.51 MB (Openload)
😁😁😁😁😁😁
😁😁😁😁
No comments:
Post a Comment