Tuesday, July 31, 2018

Sunshine 2007


Sunshine 2007(မြန်​မာစာတန်းထိုး)
သိပ္ပံပညာရှင်​အဖွဲ့​တွေဟာ ကမ္ဘာကြီးပူ​နွေးလာ​အောင်​ ပြန်​လည်​လုပ်​​ဆောင်​​နေကြရတယ်​ ဘာလို့လဲဆို​တော့ ကမ္ဘာကြီးစပြီး ​အေးသထက်​ပို​အေးလာလို့ပဲ သိပ္ပံပညာရှင်​​တွေက Icarusဆိုတဲ့ပ​ရောဂျက်​ကို ဖန်​တီးလိုက်​ပြီး ​နေကိုအသစ်​တစ်​ဖန်​ပြန်​လည်​ဖန်​တီးဖို့ မစ်​ရှင်​​စေလွှတ်​လိုက်​တယ်
ဒါ​ပေမယ့်​ ​မစ်​ရှင်​က ​နေကိုမ​ရောက်​ခင်​ ​ပျောက်​ဆုံးသွားကြတယ်​ 7နှစ်​အကြာမှာ Icarus 2ဆိုတဲ့ မစ်​ရှင်​ကို ထပ်​လွှတ်​လိုက်​တယ် Icarus က​​ကောဘယ်​​ပျောက်​သွားကြတာလဲ Icarus 2ကလူ​တွေက​ကော သူတို့ဖြစ်​ချင်​တဲ့အတိုင်းဖြစ်​ပါ့မလား ဘယ်​လိုအခက်​ခဲ​တွေနဲ့ကြုံရဦးမလဲဆိုတာ​က​တော့ ကိုယ်​တိုင်​ပဲကြည့်​ရှုခံစားကြပါ
Translated,Review and Encoded by Sai Naing Lin Tun(UCLA)
Quality 720p BrRip
Size /339MB
IMDB 7.3
Genres Adventure,Sci-Fi,Thriller
Running Time 1hr 47mins





😁😁😁😁😁😁


😁😁😁



Peter Rabbit (2018)


Peter Rabbit (2018) မြန်မာစာတမ်းထိုး
ဒီကားလေးကတော့ 2018 မှာဘဲထွက်ပီးတော့ရုံတင်သွားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
ယုန်လေးငါးကောင်ရဲ့အကြောင်းကိုအဓိကထားပီးရိုက်ကူးထားတဲ့ကားလေးပါ
Peter , Flopsy, Mopsy ,Cotton Tail နဲ့ Benjamin တို့ဟာ Mr McGregor ရဲ့ခြံထဲမှာ
ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကျတဲ့ယုန်ကလေးတွေဖြစ်ပါတယ် ဒါပင်မဲ့တစ်ရက်မှာတော့
McGregor တစ်ယောက်ရုတ်တရက်သေဆုံးသွားချိန်မှာတော့သူ့ရဲ့အမျိုးဖြစ်သူတစ်ဦးဟာ
ယုန်လေးတွေနေထိုင်ရာခြံကိုပိုင်ဆိုင်ဖို့ဖြစ်လာခဲ့ပါတယ် အဲ့အချိန်မှာတော့ယုန်လေးတွေနဲ့
ခြံပိုင်ရှင်အသစ်ဖြစ်လာတဲ့ Thomas တစ်ယောက်နဲ့ပြိုင်ဆိုင်ပီးတော့သူတို့ရဲ့ခြံလေးကို
ထိန်းသိမ်းဖို့ဖြစ်လာခဲ့ပါတယ် Thomas ကလဲမြို့သားပီပီခြံကိုရောင်းပီးတော့မြို့ကိုပြန်ပီး
အေးအေးဆေးဆေးနေဖို့သာရည်ရွယ်သူဖြစ်ပါတယ် ဒါပင်မဲ့ Bea ဆိုတဲ့သဘာဝတရားကို
နစ်သက်မြတ်နိုးလွန်းသူကောင်မလေးတစ်ယောက်နဲ့ကြုံတွေ့လာချိန်မှာတေ့
Thomas တစ်ယောက်ပြောင်းလဲလာခဲ့ပါတယ် ဒါပင်မဲ့ယုန်လေးတွေရဲ့နှောက်ယှက်မှုအောက်မှာ
Thomas တစ်ယောက် Bea နဲ့အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့…….
Translated by Pwint Thu Khaing & Shwim Shwim
Encoded by k
Quality Bluray
Size 380 MB
IMDB 6.6
Genres  Animation, Adventure, Comedy
Running Time  1h 35min






😁😁😁😁😁😁😁


😁😁😁😁

EuroTrip(2004)

EuroTrip(2004)မြန်​မာစာတန်းထိုး
2004ခုနှစ်​ကထွက်​ရှိထားတဲ့ EuroTripဆိုတဲ့Comedyကား​ကောင်း​လေးတစ်​ကားနဲ့မိတ်​ဆက်​​ပေးချင်​ပါတယ်
ဇာတ်​ကားအ​ကြောင်း​ပြောပြရရင်​ Scottyဆိုတဲ့​ကောင်​​လေးဟာ သူဘွဲ့ရတဲ့​နေ့မှာပဲ သူ့ရည်းစားဖြစ်​တဲ့Fionaကသူ့ကိုလမ်းခွဲသွားတယ်​ ဒါနဲ့Scottyနဲ့အီး​မေးလ်​ပို့​နေကျMiekeဆိုတဲ့သူကို Scottyက​ကောင်​​လေးလို့ထင်​​နေတာ ဒါနဲ့ပဲ Miekeက အ​မေရိကလာပြီး
သူနဲ့​တွေ့ဖို့စီစဉ်​မယ်​​ပြော​တော့ သူကMiekeကို​ဂေးထင်​ပြီး သူနဲ့ထပ်​မဆက်​သွယ်​ဖို့​ပြောလိုက်​တယ်​ Miekeလည်းသူ့ကိုဘ​လော့သွားတယ်​ Miekeကမိန်းက​လေးဆိုတာ Scottyသိတဲ့အချိန်​ Miekeကိုစာလည်းပို့လို့မရ​တော့ Scottyကဂျာမနီကိုသူ့သူငယ်​ချင်းနဲ့ လိုက်​သွားဖို့ဆုံးဖြတ်​လိုက်​တယ်​ သူ့​မှာပိုက်​ဆံသိပ်​မရှိ​တော့ ရှိတဲ့ပိုက်​ဆံအနည်းငယ်​နဲ့ဥ​ရောပကိုသွားလိုက်​တယ်​ Scottyရဲ့ခရီးစဉ်​က​ကော ​ချော​ချော​မွေ့​မွေ့​နဲ့​ရောက်​ပါ့မလား ဘယ်​လိုအခက်​အခဲနဲ့ ကြုံဦးမလဲ Miekeနဲ့​ကော​တွေ့ပါ့မလားဆိုတာ​တော့ ကိုယ်​တိုင်​ပဲ ကြည့်​ရှူခံစားကြပါ Comedyပရိတ်​သတ်​​တွေအတွက်​ အကြိုက်​​တွေ့​စေမယ့်​ဇာတ်​ကား​ကောင်းတစ်​ကားပါလို့ ညွှန်းပါ​ရ​စေ…
(အ​ဖော်​အချွတ်​နဲ့18+အခန်း​တွေပါလို့ မိသားစုနဲ့အတူမကြည့်​သင့်​ပါ)
Translated,Review and Encoded by Sai Naing Lin Tun(UCLA)
Quality Bluray
Size 288MB
IMDB 6.6
Genres Comedy/Teen Film/Adventure
Running Time 1hr 33mins






😁😁😁😁😁

😁😁😁





Fairy Tail the Movie: Phoenix (2012)


Fairy Tail the Movie: Phoenix Priestess (2012) မြန်မာစာတမ်းထိုး
ခေတ်အဆက်ဆက်phoneixကိုအမွေဆက်ခံထိန်းသိမ်းလာတဲ့မီးရွာလူမျိုးစုတွေစီကနေအာဏာရှင်တွေကလုယူဖို့ကြိုးစားလာပါတဲ့တစ်နေ့မှာမီးရွာလူမျိုးစုအားလုံးအသတ်ခံလိုက်ရပါတယ်သေလုမျောပါးဖြစ်နေတဲ့နတ်ဆရာဟာphoneixကိုချိတ်ပိတ်ထားတဲ့အဆောင်ကိုနှစ်ခြမ်းခွဲပြီးတစ်ခြမ်းကိုဘဲဝေးရာကိုပို့လိုက်နိုင်ပါတယ်ကျန်တဲ့တစ်ခြမ်းကတော့အာဏာရှင်တွေလက်ထဲမှာဆုံးရူံးခဲ့ရပါတယ်ကျန်တဲ့တစ်ခြမ်းကတော့နတ်ဆရာရဲ့သမီးလေးဖြစ်တဲ့Eclairဆိုတဲ့ကောင်မလေးလက်ထဲကနေအာဏာရှင်တွေလက်ထဲမရောက်ဖို့ထွက်ပြေးလွှတ်မြှောက်ခဲ့ပါတယ်တစ်နေ့မှာမထင်မှတ်ဘဲmissionကျရူံးလာတဲ့Lucyနဲ့တွေ့ပြီးEclairရဲ့သနားစရာအဖြစ်ကိုကြည့်ပြီးFairy tailအဖွဲ့ကကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်Fairy tailရဲ့ဘယ်လိုတိုက်ပွဲတွေကိုကျော်ဖျတ်ပြီးElcairကိုကယ်တင်မလဲဆိုတာကြည့်ရူအားပေးကြပါအုံးဗျ
Translated & Reviewed by Meekoo
Encoded by k
Quality Bluray
Size 620MB
IMDB 7.3
Genres  Animation, Action, Adventure
Running Time 1h 26min


😁😁😁😁😁😁😁



😁😁😁😁😁


Sunday, July 29, 2018

One Piece: Heart of Gold (2016)




One Piece: Heart of Gold (2016) မြန်မာစာတမ်းထိုး
GC ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျ… အခုပြန်တင်ဆက်ပေးချင်တဲ့ကားလေးကတော့ One Piece Movie တွေထဲက တစ်ကားဖြစ်တဲ့ Heart Of Gold ဆိုတဲ့ ကားလေးပါပဲခင်ဗျ…. ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့.. လွန်ခဲ့တဲ့ နှစ် ၂၀၀ တုန်းက ကျွန်းတစ်ကျွန်းပေါ်မှာ Pure Gold ဆိုတဲ့ အလွန်အဖိုးတန်တဲ့အရာတစ်ခုကို သိပ္ပံပညာရှင် တစ်ဦးက တီထွင်ဖန်တီးခဲ့ပါတယ် သူ့ရဲ့တန်ကြေးဟာ ကမ္ဘာကြီးတစ်ခုလုံးကို ဝယ်နိုင်လောက်တဲ့ထိ တန်ကြေးရှိခဲ့ပါတယ် အ့ဒီ့သိပ္ပံပညာရှင်ကြီးဟာ မသမာသူတွေလက်ထဲကိုမရောက်ရှိဖို့အတွက် ထိုအရာကို လက်စဖျောက်ဖို့ကြံစည်ခဲ့ပါတော့တယ် မမျှော်လင့်တဲ့အချိန်တစ်ခုမှာ သူ့ဇနီးက သမီးလေးတစ်ယောက်ကို မွေးဖွားပေးခဲ့ပါတယ် သို့ပေမယ့် သူ့သမီးလေး နာမကျန်းဖြစ်နေတဲ့အချိန်မှာ PG ကို သူထုတ်သုံးခဲ့ပြီး ရောဂါကိုကုသပေးခဲ့ပါတယ် လူဆိုးတွေသူတို့ဆီကို ကျူးကျော်လာတဲ့အချိန်မှာ သူ့ကျွန်းကိုဗုံးခွဲပြီး အစဖျောက်လိုက်ပါတော့တယ်….နှစ်တွေကြာပီးတဲ့နောက် ဒီအကြောင်းဟာ ပုံပြင်လိုလို တစ်ကယ်လိုလိုဖြစ်လာပါတော့တယ် လူဖီတို့အဖွဲ့ကလည်း ဒိအကြောင်းကြားရတဲ့အချိန်မှာ PG ကိုရှာဖွေချင်လာကြပါတယ် ထိုအချိန်မမျှော်လင့်ပဲ ရေတပ်တွေဖမ်းလာတဲ့ မိန်းကလေးတစ်ယောက် ရေတပ်တွေတိုက်ခံရချိန် လွတ်သွားပြီး လူဖီတို့ သင်္ဘောပေါ်ရောက်လာတဲ့အချိန်မှာတော့…… ဒိကောင်မလေးကဘယ်သူလဲ PG နဲ့ ဘယ်လိုပတ်သက်နေမလဲ ဘယ်လိုလူဆိုးတွေနဲ့ လူဖီတို့ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုရင်း… ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ…
Translated & Reviewed by Moring Star Naing Lin


😁😁😁😁😁😁


😁😁😁




Voldemort: Origins of the Heir (2018)


Voldemort: Origins of the Heir (2018) မြန်မာစာတမ်းထိုး
Tom Riddle, Voldemort , The Dark Lord လို့ပြောရင် Harry Porter fans တွေ သိမယ်ထင်ပါတယ်။
အခု ဇာတ်ကားလေးကတော့ Harry Porter မတိုင်မီ Tom Riddleb ရဲ့ Power ရလာပြီး Voldemort လို့ခေါ်တဲ့ The Dark Lord ဖြစ်လာပုံကို ရိုက်ကူးထားတာပါ။
Fan Made film တစ်ခုဖြစ်ပြီး Fantasy ဆန်ဆန်လေးနဲ့ ကြည့်ရတာ အတော်ကောင်းပါတယ်။
မှာချင်တာ တစ်ခုက ဒီကားလေးဟာ Harry Porter fans တွေပဲ နားလည်နိုင်မှာဖြစ်လို့ တချို့လူတွေအတွက် ကြည့်ရတာ ဟာတာတာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကြည့်ဖြစ်အောင်တော့ ကြည့်ပါ။
ထင်မှတ်မထားတဲ့ အဆုံးသက်ကို တွေ့ရမှာပါ။
ကဲ ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောကြည့်ပါ့မယ်။
Hogworts ကျောင်း (မှော်ကျောင်းကို) တည်ထောင်သူ လေးဦးရှိပါတယ်။ လေးဦးလုံးဟာ စံအိမ်လေးခုလုံးရဲ့ အမွေခံတွေ ဖြစ်ကြပါတယ်။ ဒီအမွေခံလေးဦးလုံးမှာ အမွေခံပစ္စည်းတစ်ခုစီရှိပါတယ်။ ပြီးတော့ သူတို့ အရိုက်အရာကို ဆက်ခံမယ့် အမွေခံလေးဦးလဲ ထပ်ရှိပြန်ပါသေးတယ်။ တွန်ရစ်ဒယ်၊ မာဂလက်ဖ်၊ လာ့ဇရစ် နဲ့ ဂရစ်ရှာတို့ဟာ အမွေဆက်ခံသူလူငယ် လေးဦးဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့၊ ငြိမ်းချမ်းရေးရဖို့၊ အမှန်တရားက အမြဲနိုင်ဖို့ ကြိုးစားချင်ခဲ့ကြပါတယ်။ သူတို့ အတူတူ လေ့ကျင့်တယ်၊ အတူတူ စာကျက်တယ်၊ သူတို့မိသားစုတွေရဲ့ အမွေခံပစ္စည်းတွေကို အတူတူ ရှာဖွေကြတယ်။ ဒါပေမယ့် သူတို့လေးဦးထဲမှာ ရစ်ဒယ်ဟာ အမြဲ ထူးခြားနေတက်တယ်။ သူဟာ အားကစားတွေကို မုန်းတယ်။ စာကြမ်းပိုးတစ်ယောက်ဖြစ်တယ်။ အဆိုးတုံးက သူဟာ Power ကို အရမ်းလိုချင်တယ်။ ပြိုင်ဘက်ကင်းမှော်ဆရာတစ်ယောက် အရမ်း ဖြစ်ချင်တယ်။ ဒီလိုနဲ့သူ့ရဲ့ လောဘတွေက သူ့ကို လမ်းမှား ပို့ပေးခဲ့တယ်။ အာဏာနဲ့ ပါဝါရဖို့ သူ ဘာမဆိုလုပ်ရဲခဲ့တယ်။ သူ့ရဲ့လောဘတွေ အဆုံးမသက်နိုင်တဲ့ အခါမှာတော့…..။ဇာတ်ကားလေးဟာ ကြာမြင့်ချိန် နည်းသလို စိတ်ဝင်စားဖို့လဲကောင်းတာကြောင့် ပြီးမှန်း မသိ ပြီးသွားနိုင်ပါတယ်။
မှော်ကားလေးဖြစ်လို့ မိသားစုနဲ့လဲ အတူ ကြည့်လို့ရပါတယ်။
ကဲ ချမ်းအေးတဲ့ဆောင်းညကို ဇာတ်ကားကောင်းလေးနဲ့ ကျော်ဖြတ်ကြရအောင်…???
Translated & Reviewed by Adrian Soe @ Ko Minn
Encoded by k
Quality Webdl
Size 450 MB
IMDB 6.0
Genres Adventure, Fantasy
Running time 53min
IMDB 6.0
Genres Adventure, Fantasy
Running time 53min





😁😁😁😁😁😁


😁😁😁😁

Operation Mekong (2016)


Operation Mekong (2016) မြန်မာစာတမ်းထိုး
တရုတ်ကုန်သည်နစ်ယောက်ရဲ့သင်္ဘောဟာမဲခေါင်မြစ်မှာတိုက်ခိုက်ခံရပီးတော့သင်္ဘောသား ၁၃ ယောက်လုံး
အသတ်ခံခဲ့ရပါတယ် ထိုသင်္ဘောကိုထိုင်းရဲတွေဟာရှာတွေ့ခဲ့ပီးတော့ထိုသင်္ဘောပေါ်မှာမူးယစ်ဆေးအမြောက်အများကို
ရှာတွေ့ခဲ့ပါတယ် အဲ့သတင်းကြောင့်တရုတ်တစ်နိုင်ငံလုံးထိန့်လန့်သွားခဲ့ပီး ယူနန်ပြည်နယ်ရဲ့မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ
Gang Gao ကိုအထူးတပ်ဖွဲ့ဖွဲ့စေပီးတော့အဲ့ကိစ္စကိုစုံစမ်းဖို့ရွှေတြိဂံနယ်မြေကိုစေလွှတ်ခဲ့ပါတယ်
သတင်းပေးတစ်ယောက်ဖြစ်တဲ့ Fanxin Wu နဲ့ Gao တို့ဟာသင်္ဘောပေါ်ပါသွားတဲ့လူ 13 ယောက်ဟာ
အကွက်ဆင်ခံရပီးတော့အသတ်ခံခဲ့ရတာကိုသိသွားတဲ့အခါမှာတော့အမှုမှန်ပေါ်ပေါက်ရေးအတွက်ကြိုးပမ်းရပါတော့တယ်
Translated & Encoded by Aung Myint Oo
Quality Blueray
Size 970/450 MB
IMDB 6.7
Genres Action, Adventure, Crime





😁😁😁😁😁😁

😁😁

Kingsman: The Golden Circle (2017)


Kingsman: The Golden Circle (2017) မြန်မာစာတမ်းထိုး
Kingsman :the golden circle 2017 ဟာဆိုရင်​ဖြင့်​ 2014မှာ ထွက်​ထားတဲ့ kingsman:the secert service ​လေးရဲ့ အဆက်​​လေးဖြစ်​ပါတယ်​.. ဟယ်​ရီ ​သေဆုံးပြီး​နောက်​ အက်​စီဟာဆိုရင်​ kinsman မှာပဲ ဆက်​လက်​ပြီး တာဝန်​ထမ်း​ဆောင်​​နေပါတယ်​..တ​နေ့​တော့ ​သေသွားပြီလို့ထင်​​နေတဲ့သူ့ဆရာ ဟယ်​ရီဟာ အသက်​ရှင်​လျက်​ရှိ​နေတာကို​တွေ့ခဲ့ပါတယ်​..ဒါ​ပေမယ့်​ သူ့ဆရာဟယ်​ရီက​တော့အတိတ်​​မေ့ပြီး kingsman နဲ့ပတ်​သတ်​တာ​တွေ​အကုန်​​မေ့သွားခဲ့ပါတယ်​…ဒီလိုနဲ့ အက်​စီက သူ့ဆရာကို အတိတ်​ပြန်​သတိရ​အောင်​ကြိုးစားရင်း the golden circle ဆိုတဲ့မူးယစ်​ အကြမ်းဖက်​အဖွဲ့ကိုလည်းဘယ်​လိုတားဆီးမယ်​ဆိုတာ​လေးကို ကြည့်​ရှုပါအုံး​နော်
Translated by GC Translator Team
Encoded by k
Quality Webdl
Size 440MB
IMDB 7.2
Genres Action, Adventure, Comedy

Saturday, July 28, 2018

AMM Moving Apk Update


AMM Moving Apk လေးတွင် အခမဲ့
ဝင်ရောက်ကြည့်ရှူနိုင်ပါပြီးနော်။
AMM Moving Apk
ဒီ ဆော့ဝယ်လေးတွင် Moving Down link
များ ၊ ဖုန်းဆော့ဝယ်များနှင့် ဂိမ်းများကို
တင်ပေးသွားမှာပါ။
အခု ဗာရှင်းဆော့ဝယ်လေးမှာတော့
Moving များပဲတင်ပေးသွားပါမယ်။
နောက်ထွက်ဗာရှင်းမှာသာ ဖုန်းဆော့ဝယ်
များနှင့် ဖုန်းဂိမ်းများပါ ထည့်သွင်းပေးသွားပါမယ်။
Down link များကို ဒါရိုက်ဝင်ရောက်
ကြည့်နိုင်ရန် ကြော်ငြာ်လင့်များ
မခံထားပါဘူးနော်။
ဒေါင်းရတာလည် အဆင်ပြေအောင်
ဆောင်ရွက်ပေးထားပါတယ်နော်။
အခုဗာရှင်းမှာ Movie ကြည့်ရတာအဆင်ပြေအောင်လို့ Menu လေးထည့်
ပေးထားပါတယ်။
မိမိကြည့်ချင်တဲ့ Movie အမျိုးအစားကို Menu မှာရွှေးပြီးကြည့်နိုင်ပါ
တယ်နော်။
Movie များရှာရလွယ်အောင်
Search လေးထည့်ပေးထားပါတယ်။
Movie နံမည်လေးထည့်ပြီး မိမိကြည့်
ချင်သော Movie များကို လွယ်နှင့်
တကူး ကြည့်ရှူနိုင်ပါတယ်။
မြန်မာဖောင်ကိုလည် ဖုန်းတိုင်းအဆင်ပြေ
အောင် ဇော်ဂျီဖောင့် ၊ ယူနီဖောင့် နှင့်ဖုန်းစနစ်ဖောင့် ဆိုပြီး ဖောင့် ၃ ဖောင့်ထည့်သွင်း
ပေးထားပါတယ်။
အဆင်မပြေမှူများရှိခဲ့ပါက CM မှာ ပြောပေးခဲ့ပါအုံးနော်။
ဆော့ဝယ်လေးအား စိတ်ဝင်စားပါက
အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်နော်။
Pcloud down link

Mediafire down link








😁😁😁😁😁


😁😁😁😁


The Cured (2017)




The Cured (2017) မြန်မာစာတမ်းထိုး
ဒီကားလေးကတော့ zombies ကားတွေထဲမှာမှထူးထူးခြားခြားကားလေးတစ်ကားပါ
ကမ္ဘာကြီးမှာဗိုင်းရပ်စ်တစ်မျိုးပြန့်နှံသွားပြီးတော့လူသားတွေက zombies တွေအဖြစ်ပြောင်းလဲသွားပြီးတော့
ကမ္ဘာပျက်ကပ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ် ဒါပင်မဲ့ကံကောင်းစွာနဲ့ပဲလူသားတွေကဖြေဆေးတစ်ခုကို
ထုတ်လုပ်နိုင်ခဲ့ပြီးတော့ zombies တွေကိုလူသားတွေအဖြစ်ပြန်လည်ပြောင်းလဲနိုင်ခဲ့ပါတယ်
ရုပ်ရှင်ကအဲ့မှာစတာပါ ကုသခံထားရတဲ့ zombies တွေနဲ့လူသားတွေကြားကပြဿတွေကိုရိုက်ကူး
ပြထားတာဖြစ်ပါတယ် လူသားတွေက ကုသခံထားရတဲ့သူတွေကိုခွဲခြားဆက်ဆံခဲ့ပြီးတော့ဖိနှိပ်ခဲ့ပါတယ်
တဖြည်းဖြည်းဖိနှိပ်မှုတွေများလာတဲ့အချိန်မှာတော့ ကုသခံထားရတဲ့ zombies တွေနဲ့ တခြားလူသားတွေကြားမှာ
ကြီးမားတဲ့ပြဿနာတွေပေါ်ပေါက်လာပြီးတော့ အစိုးရကပါပါဝင်ပတ်သတ်လာရတဲ့အခြေအနေကို
ရောက်လာခဲ့ပါတယ် အစိုးရကရောဒီအခြေအနေကိုဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့
ဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုရောဖြေရှင်းနိုင်မလားဆိုတာကိုတော့…….
Translated by Moe Nandar
Reviewed by Lwin Naung
Encoded by k
Quality Bluray
Size 250 MB
IMDB 5.4
Genres  Drama, Horror, Sci-Fi
Runtime 1h 35min
SD Link





Death Wish (2018)


Death Wish (2018) မြန်မာစာတမ်းထိုး
Bruce Willis ကိုမြင်တာနဲ့ ကောင်းကြောင်းအရမ်းညွန်းစရာ မလိုမယ့်ကားလေးပါနော် ဇာတ်လမ်းကတော့ ချီကာဂိုကအဖြစ်အပျက်တစ်ခု အကြောင်းကိုရိုက်ထားတာပါ ချီကာဂိုမှာ သေနတ်နဲ့ပစ်သတ်မှုတွေ အရမ်းဖြစ်ပွားနေတဲ့အချိန်ပေါ့ ဘယ်သူတွေကပစ်တယ် ဘာရည်ရွယ်ချက်နဲ့ပစ်တယ်ဆိုတာကို ရဲတွေကအစခြေရာခံလို့မရဘူးဖြစ်နေတယ် ရဲတွေပါပစ်ခတ်ခံနေရတယ် Bruce Willis ကတော့ main lead ပေါ့ သူကဒီကားထဲမှာ ပေါ်လ်ကာစီ လို့ခေါ်တဲ့ ဆရာဝန်တစ်ယောက်ပါ အလုပ်ကိုလည်း အရမ်းတန်ဖိုးထားသလို မိသားစု မိန်းမနဲ့သမီးကို အရမ်းချစ် တန်ဖိုးထားတဲ့သူပေါ့ တစ်နေ့တစ်နေ့ သူဆေးရုံမှာ ပစ်ခတ်မှုက လူနာတွေနဲ့အလုပ်ရှုပ်နေရတဲ့အချိန်ပါ့ ဒီလိုနဲ့ သူ့မွေးနေ့ကိုရောက်လာရော မိန်းမရယ် သမီးလေးရယ် သူ့ညီရယ်နဲ့ ညစာစားဖို့ပျော်ရွှင်နေတဲ့အချိန် ဆေးရုံက အရေးပေါ်လူနာလှမ်းခေါ်လို့သွားလိုက်တဲ့အချိန်မှာ မထင်မှတ်တာတွေကနေ သူ့ဘဝပျက်တဲ့ထိ သူဘာမှမလုပ်နိုင်တော့လောက် အောင် အဖြစ်ဆိုးနဲ့ကြုံလိုက်ရပါတယ် ဒီလိုနဲ့သူရှေ့ဆက် စိတ် ဓာတ်ကျပြီးရှေ့ဆက်မလား သူ့ဘဝရဲ့အရေးကြီးတာတွေ အတွက် သူဘယ်လို ကလဲ့စားချေမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ သူ့ဘဝကိုပြောင်းလဲစေတဲ့စကားကတော့ သူ့ယောက်ခမ ရဲ့ “တစ်ခုခုဆို ရဲကိုအားကိုးနေလို့မရဘူး မင်းချစ်တဲ့အရာတွေကိုမင်း ထိန်းသိမ်းချင်ရင် မင်းကိုယ်တိုင်ရှေ့ထွက်မှရမယ် နိုင်ငံနဲ့ရဲကို အားကိုးနေလို့မရဘူး” ဆိုတဲ့စကားက သူ့ကိုဘယ်လောက်ထိပြောင်းလဲ သွားစေလဲ လူ့အသက်ကိုကယ်တင်နေတဲ့ ဆရာဝန်တစ်ယောက်ရဲ့ မထင်မှတ်လောက်အောင်ပြောင်းလဲမှုတွေ,သူ့ရဲ့ရင်ကွဲခံစားရတဲ့ နေ့ရက်တွေ နာကျည်းမှုတွေကို သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို သနားစဖွယ် စိတ်ဝင်စားဖွယ် ရင်နင့်ဖွယ်မြင်ရမယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ညွှန်းလိုက်ပါတယ်နော်
Translated & Reviewed by Hnin Thazin Win
Encoded by k
Quality HDrip
Size 760 MB
IMDB  6.5
Genres  Action, Crime, Drama
Running Time 1h 47min
HD Link






😁😁😁😁😁😁

Naachiyaar (2018)


Naachiyaar (2018) မြန်မာစာတမ်းထိုး
ဒီကားလေးကတော့အသစ်ထွက်ရှိထားတဲ့ကုလားကားကောင်းလေးတစ်ကားဖြစ်ပါတယ်
ဒီကားလေးကတော့ရဲစုံထောက်ကားလေးပါ ရဲတစ်ယောက်ဟာအသက်ငယ်ရွယ်သေးတဲ့မိန်းမပျိုလေးတစ်ယောက်
ကိုယ်ဝန်ရလာတဲ့ကိစ္စကိုစုံစမ်းရင်းနဲ့ထူးဆန်းမှုတွေကိုတွေ့လာခဲ့ပါတယ် အဲ့မိန်းမပျိုလေးရဲ့
ချစ်သူကိုဖမ်းဆီးခဲ့ပင်မဲ့နောက်ပိုင်းစုံစမ်းမှုတွေအရမထင်မှတ်ထားတဲ့အရာတွေဖြစ်လာခဲ့ပီးတော့
ဘယ်သူကမှန်ပီးဘယ်သူကမှားတယ်ဆိုတာကိုဆုံးဖြတ်ဖို့ဖြစ်လာတဲ့အချိန်မှာတော့………
Translated by Hein Zhào Yún
Encoded by k
Quality Hdrip
Size 280 MB
IMDB 7.1
Genres  Action, Drama, Thriller
Running Time 1h 40min




😁😁😁😁😁



😁😁😁😁😁😁

The Brink (2017)


The Brink (2017) မြန်မာစာတမ်းထိုး
Brink 2017 ဒီကားလေးဟာဆိုရင် အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ဒီကားလေးရဲ့ထူးခြားချက်ကတော့ တရုတ်ကားဆိုပြီးစကားပြောတွေအရမ်းမပါဘဲ
အက်ရှင်စစ်စစ်ကိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားလေးဟာ မှောင်ခို ဂိုဏ်းတွေနဲ့ရဲတွေရဲ့
အားပြိုင်မှုတွေ ရွှေမှောင်ခိုကိစ္စတွေကို အကောင်းဆုံးကြည့်ရှုခံစားရမဲ့ တစ်ကယ်ကိုကြိုက်နှစ်သက်စရာ
ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဆိုတာ အာမခံပါတယ်။
Translated & Reviewed Thu Lay Nyein
Encoded by k
Quality Bluray
Size 300 MB
IMDB 5.5
Genres Action, Crime, Thriller
Running Time 1h 41min



😁😁😁😁😁😁😁



😁😁

Jurassic World: Fallen Kingdom (2018)ြ


Jurassic World: Fallen Kingdom (2018) မြန်မာစာတမ်းထိုး
လွန်ခဲ့က ၃ နှစ်ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် Jurassic World ပန်းခြံကြီးလည်း ပျက်ခဲ့ပြီးပါပြီ။ Isla Nublar ကျွန်းကြီးပေါ်က ဒီခြံပျက်ကြီးထဲမှာ ဒိုင်နိုဆောတွေ လွတ်လွတ်လပ်လပ် သွားလာနေထိုင်နေခဲ့ကြတယ်။ ဒါပေမဲ့ ရုတ်တရက် လှုပ်နိုးလာတဲ့ ကျွန်းကြီးပေါ်က မီးတောင်ကြောင့် မျိုးသုန်းမှုက တစ်ခေါက်ပြန်လည်ရှင်သန်လာခဲ့ကြတဲ့ ဒိုင်နိုဆောတွေ နောက်တစ်ခါ မျိုးသုန်းဖို့ဖြစ်လာပြန်ပါတယ်။ ဒါကိုကယ်တင်ဖို့ ဇာတ်လိုက်ကျော်တို့ ကြိုးပမ်းကြရာက ဒီထက်ပိုရှုပ်ပြီး အန္တရယ်ကြီးမားတဲ့ ပြဿနာတွေပါ ရင်ဆိုင်တွေ့ကြပါတော့တယ်။
Review
The Park is Gone..again..
ရုံထဲမှာ ကြည့်နေတုန်း သတိထားမိတာက မင်းသား Chris Pratt ကိုတွေ့တော့မှ ဟာ ဒီကောင်ပဲလားဟ ဆိုတဲ့သဘောရှိတဲ့ ရေရွတ်တဲ့ အသံလေးတွေပါ။ မသိသူတွေအတွက် ထပ်ပြောရရင် Fallen Kingdom ဟာ 2015 က ထွက်ခဲ့တဲ့ Jurassic World အရဲ့ အဆက်ရုပ်ရှင်လည်းဖြစ်သလို 1993 က ထွက်ခဲ့တဲ့ Jurassic Park ရုပ်ရှင်နဲ့ပါထည့်တွက်ရင် ၅ ကားမြောက်လည်းဖြစ်ပါတယ်။ Reboot မဟုတ်ဘူး။ ဇာတ်လမ်းအဆက်တွေ။
ရုပ်ရှင်ရဲ့ trailer နဲ့ Plot summary ကိုဖတ်ကြည့်လိုက်ရင် 1997 က ထွက်ခဲ့တဲ့ The Lost World: Jurassic Park နဲ့ နည်းနည်းလေး ဆင်သလိုလိုလေးတော့ရှိတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ ဇာတ်လမ်းတစ်ပုဒ်လုံးမှာ အရင်ထွက်ထားခဲ့တဲ့ original 3 ကားက အငွေ့အသက်တွေ၊ element တွေကို ပြန်တွေ့ရတယ်။ တစ်ကားလုံးရဲ့ plot ကိုခြုံကြည့်ရင်တော့ အရင် Jurassic World ကိုတော့ မမီခဲ့ဘူး။ Plot twist တွေတော်တော်လေးထည့်ထားပေမဲ့ အများစုက ရုပ်ရှင်ကြည့်လွန်းအားကြီးသူတွေ အလွယ်တကူမှန်းမိနေမဲ့ cliché တွေပါတယ်။
Plot ဘက်မှာ သိပ်ကြီးအားရစရာမရှိပေမဲ့ visual ပိုင်းနဲ့ cinematic ပိုင်း၊ အသံပိုင်း စတာတွေမှာတော့ အရမ်းကိုကောင်းခဲ့တယ်။ ရိုက်ချက်တွေက ဒီလိုလာမယ်၊ ဒီလိုပြဦးမှာပဲလို့ သိနေတဲ့တိုင် ကိုယ်မှန်းထားတဲ့ expectation ကိုကျော်အောင် လုပ်ပြသွားခဲ့တဲ့ အကွက်တွေ အများကြီးပဲ။ သူ့ဇာတ်လမ်းအရ အရင်ကားတွေထက် horror ပုံစံလေးဘက်ရောက်တဲ့အထိ dark and brutal လည်းဖြစ်တယ်။ ကျော်တို့သဘောကျကြတဲ့ နာမည်ကျော် Velociraptor, T-Rex စတာတွေကို တော်တော်လှလှပပ မြင်ရမှာဖြစ်သလို အသစ်ပါလာတဲ့ Indoraptor ဆိုလည်း တော်တော်ကို ကြမ်းပြထားနိုင်တယ်။
Fallen Kingdom ဟာ တစ်ကားလုံးနီးပါး ကောင်းကောင်းကြီး entertain လုပ်ပေးသွားနိုင်တဲ့ ကားတစ်ကားပါ။ ခုမှကြည့်ဖူးသူတွေအနေနဲ့လည်း ပြဿနာသိပ်မရှိဘဲ အေးဆေးကြည့်နိုင်မယ်။ ကျော်တို့လို old fan တွေဆိုလည်း အရင်ကားတုန်းက park ဖွင့်ဖြစ်ခဲ့လို့ ကြည်နူးရသလို park ကြီး gone သွားပြန်တယ်ဆိုတော့ ပြန်ပြီး ကြေကွဲရဦးသပေါ့။
Admin KPK
Movie Rating:
DatShin: 4/5
IMDB: 7.7/10
Rotten Tomatoes: 65%
Movie Information:
Director: J. A. Bayona
Top Billed Cast: Chris Pratt, Bryce Dallas Howard, Rafe Spall, Justice Smith
Production: Universal Pictures, Amblin Entertainment, Legendary Pictures, The Kennedy/Marshall Company
Distribution: Universal Pictures
Budget: $375.87 million
Running Time: 2hr 8mins
Review from Datsin Page
Translated by Lwin Naung & Lwin Moe Thwin
Quality Hdrip
Size 316 MB
IMDB 6.5
Genres Action, Adventure, Sci-Fi
Runtime 2h 8min


😁😁😁😁😁



😁😁😁😁😁

Jumanji: Welcome to the Jungle (2017)


Jumanji: Welcome to the Jungle (2017) မြန်မာစာတမ်းထိုး
ဒီကားလေးကတော့မင်းသားကြီး Dwayne Johnson ရဲ့အသစ်ထွက်ရှိထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
Jumanji ဆိုတဲ့နာမည်ကိုတော့ရင်းနှီးပီးသားဖြစ်နေကျမှာပါ 1995 ခုနစ်ကထွက်ရှိထားတဲ့
Jumanji ဆိုတဲ့ကားလေးရဲ့အပိုင်းဆက်ဖြစ်ပါတယ် ဒီကားလေးမှာတော့ ချာတိတ်လေးယောက်ဟာ
ဂိမ်းအဟောင်းတစ်ခုကိုရှာတွေ့ခဲ့ပီးတော့ကစားကြည့်ရာကနေ Jumanji ဆိုတဲ့ကမ္ဘာထဲကို
ဆွဲခေါ်သွားခံခဲ့ရပါတယ် သူတို့အဲ့ကမ္ဘာထဲကိုရောက်သွားတဲ့အချိန်မှာတော့သူတို့ဂိမ်းကစားတုန်းက
ရွေးချယ်ထားတဲ့ကာရိုက်တာတွေရဲ့ပုံစံနဲ့အစွမ်းတွေကိုရနေခဲ့ပီးတော့အပြင်လောကကိုပြန်ရောက်ဖို့အတွက်
ဒီဂိမ်းကိုအောင်မြင်အောင်ဆော့ရမှာဖြစ်ပါတယ် သူတို့တွေဘယ်လိုအန္တရာယ်တွေကြုံတွေ့ပီးတော့
အောင်မြင်အောင်ဘယ်လိုခက်ခက်ခဲခဲလုပ်ဆောင်ရမယ်ဆိုတာကိုတော့…….
Translated by EastSea
Reviewed & Encoded by Lwin Naung
Quality Bluray
Size 340 MB
IMDB 7.1
Genres  Action, Adventure, Comedy
Running Time  1h 59min
တင်နေကျလင့်က အဆင်မပြေလို့
မရမက အဆင်ပြေတာလေး
ရှာပြီးတင်ပေးထားပါတယ်။



😁😁😁😁😁😁😁


😁😁😁😁




Fairy Tail: Dragon Cry (2017)



Fairy Tail: Dragon Cry (2017) မြန်မာစာတမ်းထိုး
လုံးဝကြည့်သင့်တဲ့Animeကောင်းတစ်ခုပါDragonတွေကိုအမြစ်ပြတ်ချေမူန်းခဲ့တဲ့Dragon slayerတစ်ယောက်ကြောင့်Dragonတွေပျောက်ကွယ်ခဲ့ရပါတယ်Dragon တွေရဲ့သင်္ချိုင်းမှာအမည်မသိမှော်ဆရာတစ်ယောက်ကသေဆုံးသွားတဲ့Dragonတွေရဲ့အငြိုးအမှန်းတွေနဲ့ဒေါသတွေကိုMagicအစွမ်းနဲ့စုပ်ယူပြီးDragon cry ဆိုတဲ့Eternalစွမ်းအားပြင်းmagicလက်နက်တစ်ခုကိုဖန်တီးလိုက်ပါတယ်ဒီလက်နက်ရဲ့စွမ်းအားကိုခေတ်အဆက်ဆက်စစ်ပွဲတွေဖြစ်ပြီးယှဉ်ပြိုင်လှယှက်ခဲ့ရာကနေနောက်ဆုံးFioreတိုင်းပြည်ရဲ့ဘုရားကျောင်းတစ်ခုမှာချိတ်ပိတ်ထားပြီးကြာတော့ဒဏ္ဏာရီတစ်ခုလိုဖြစ်လာခဲ့ပါတယ်အဲ့လက်နက်ရဲ့စွမ်းအားကိုသိနေတဲ့တစ်ခြားတိုင်းပြည်ကဘုရင်Animus ကFioreမှာရှိတဲ့Dragon cry ကိုခိုးယူခိုင်းခဲ့ပါတယ်ခိုးယူခံရတဲ့Dragon cryကိုတိုင်းပြည်သို့ပြန်လည်ယူဆောင်လာဖို့ Fairy tail မှ့ာ Natsuတို့အဖွဲ့ကိုစေခိုင်းခံခဲ့ရပါတယ်Natsuတို့အဖွဲ့Dragon cry ကိုဘယ်လိုတိုက်ပွဲတွေနဲ့ပြန်ယူမလဲဆိုတာတော့ကြည့်ပြီးအားပေးကြပါအုံး
Translated & Reviewed by Meekoo
Encoded by k
Quality Bluray
Size 250 MB
IMDB 7.9
Genres Animation, Action, Adventure

The Night Is Short, Walk on Girl (2017)


The Night Is Short, Walk on Girl (2017) မြန်မာစာတမ်းထိုး
ဆံပင်အနက်ရောင်ကောင်မလေးတစ်ယောက်ဟာKyotoလမ်းမပေါ်မှာညဘက်တစ်ယောက်ထဲလျှောက်သွားနေပါတယ် နေရာစုံမှာလူမျိုးစုံနဲ့တွေ့ရှိရင်းသူမပျော်ရွှင်နေပါတယ် ဒါပေမယ့်မပျော်နိုင်သေးတဲ့သူတစ်ယောက်ရှိပါတယ် သူကတော့ဆံပင်အနက်ရောင်မိန်းကလေးရဲ့အချစ်ကိုမျှော်လင့်နေတဲ့စီနီယာဖြစ်ပါတယ် သူ့အတွက်ကံဆိုးသွားတာကတော့မိန်းကလေးဟာအချစ်ရေးအချစ်ရာကိစ္စတွေကိုစိတ်မဝင်စားသေးတဲ့အတွက်ကြောင့်စီနီယာဖြစ်သူရဲ့အချစ်တွေကိုမခံစားမိသေးပါဘူး ကံကြမ္မာရဲ့ကြိုးဆွဲရာနောက်မှာစီနီယာတစ်ယောက်မိန်းကလေးရဲ့အချစ်ကိုအရယူနိုင်ပါ့မလားဆိုတော့စိတ်ဝင်စားစွာစောင့်မျှော်ကြည့်ရှူရမှာဖြစ်ပါတယ်
Translated & Reviewed by Thonn Shwe Yi Wai
Encoded by k
Quality Blueray
Size 230 MB
IMDB 7.5
Genres Animation, Comedy, Romance



😁😁😁😁😁😁


😁😁😁😁





Friday, July 27, 2018

ကုလားသရဲကား (Fb Link)

ကုလား #သရဲကား ရှယ်ကြမ်းတာနော် 😰 မကြောက်ရင် ကြည့်လိုက်  Admin တော့ ညကြီး တစ်ယောက်ထဲ ကြည့်တာ အိမ်မက်ဆိုးတွေပါ မက်တယ် 😑

Movie ကြည့်ရန် အပေါ်ကပုံလေးကို နိုပ်ကြည့်ပါ။

😁😁😁😁😁😁😁😁😁


😁😁😁😁😁😁😁😁


ထိုင်းသရဲကား (Fb Link)

#သရဲကား​တောင်းထားတဲ့ ဖရန့်​​တွေအတွက်​ တင်​​ပေးလိုက်​ပြီဗျာ

#ထိုင်းသရဲကား မြန်​မာစာတန်းထိုး

 Movie ကြည့်ရန် အပေါ်က
ပုံလေးကိုနိုပ်ပေးပါ။


😁😁😁😁😁😁😁😁😁😁😁


😁😁😁😁😁😁