One Piece: Heart of Gold (2016) မြန်မာစာတမ်းထိုး
GC ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျ… အခုပြန်တင်ဆက်ပေးချင်တဲ့ကားလေးကတော့ One Piece Movie တွေထဲက တစ်ကားဖြစ်တဲ့ Heart Of Gold ဆိုတဲ့ ကားလေးပါပဲခင်ဗျ…. ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့.. လွန်ခဲ့တဲ့ နှစ် ၂၀၀ တုန်းက ကျွန်းတစ်ကျွန်းပေါ်မှာ Pure Gold ဆိုတဲ့ အလွန်အဖိုးတန်တဲ့အရာတစ်ခုကို သိပ္ပံပညာရှင် တစ်ဦးက တီထွင်ဖန်တီးခဲ့ပါတယ် သူ့ရဲ့တန်ကြေးဟာ ကမ္ဘာကြီးတစ်ခုလုံးကို ဝယ်နိုင်လောက်တဲ့ထိ တန်ကြေးရှိခဲ့ပါတယ် အ့ဒီ့သိပ္ပံပညာရှင်ကြီးဟာ မသမာသူတွေလက်ထဲကိုမရောက်ရှိဖို့အတွက် ထိုအရာကို လက်စဖျောက်ဖို့ကြံစည်ခဲ့ပါတော့တယ် မမျှော်လင့်တဲ့အချိန်တစ်ခုမှာ သူ့ဇနီးက သမီးလေးတစ်ယောက်ကို မွေးဖွားပေးခဲ့ပါတယ် သို့ပေမယ့် သူ့သမီးလေး နာမကျန်းဖြစ်နေတဲ့အချိန်မှာ PG ကို သူထုတ်သုံးခဲ့ပြီး ရောဂါကိုကုသပေးခဲ့ပါတယ် လူဆိုးတွေသူတို့ဆီကို ကျူးကျော်လာတဲ့အချိန်မှာ သူ့ကျွန်းကိုဗုံးခွဲပြီး အစဖျောက်လိုက်ပါတော့တယ်….နှစ်တွေကြာပီးတဲ့နောက် ဒီအကြောင်းဟာ ပုံပြင်လိုလို တစ်ကယ်လိုလိုဖြစ်လာပါတော့တယ် လူဖီတို့အဖွဲ့ကလည်း ဒိအကြောင်းကြားရတဲ့အချိန်မှာ PG ကိုရှာဖွေချင်လာကြပါတယ် ထိုအချိန်မမျှော်လင့်ပဲ ရေတပ်တွေဖမ်းလာတဲ့ မိန်းကလေးတစ်ယောက် ရေတပ်တွေတိုက်ခံရချိန် လွတ်သွားပြီး လူဖီတို့ သင်္ဘောပေါ်ရောက်လာတဲ့အချိန်မှာတော့…… ဒိကောင်မလေးကဘယ်သူလဲ PG နဲ့ ဘယ်လိုပတ်သက်နေမလဲ ဘယ်လိုလူဆိုးတွေနဲ့ လူဖီတို့ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုရင်း… ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ…
Translated & Reviewed by Moring Star Naing Lin
😁😁😁😁😁😁
😁😁😁
No comments:
Post a Comment