Thursday, July 26, 2018

Midnight Texas (2017)1 to 5



Midnight Texas က ညွှန်းဆို​နေတာက​တော့ ရုပ်​သံစီးရီး ​ကောင်း တစ်​ခု ဟာ တစ်​ခုထက်​ပိုတဲ့ အ​ကြောင်းအရာ ​တွေ အ​ပေါ် အသား​ပေးရိုက်​ကူးသင့်​တယ်​ဆိုတာကိုပါပဲ။ Charlaine Harris ရဲ့ ဝတ္ထု ကို ရိုက်​ကူးထားပြီး Texas ပြည်​နယ်​ တစ်​​နေရာက Midnight လို့ ​ခေါ်တဲ့ မြို့​လေးမှာ ​နေထိုင်​ကြတဲ့ လူတစ်​စုအ​ကြောင်းပါပဲ။ ထူးခြားတာက သာမာန်​ မြို့​နေလူထု မဟုတ်​ပဲ လူထူးဆန်း​တွေ ဖြစ်​​နေတာပါပဲ။ နက်​သက်​​ကြွေ နတ်​သား၊ စိတ်​စွမ်းအားရှင်​၊ ​သွေးစုပ်​ဖုတ်​​ကောင်​၊ စုန်းမ နဲ့ သမန်းကျား​တွေ​ပေါ့ဗျာ။ စကား​ပြောတတ်​တဲ့ ​ကြောင်​က အဆစ်​ပါ​သေး။ အပိုင်းတိုင်းမှာ သူတို့က အခြားသူ​တွေ ကို ကူညီတာ၊ အချင်းချင်း ကူညီကြတာ စသည်​ဖြင့်​​တွေ့ရမှာပါပဲ။ မိသားစု တစ်​ခုလို​ပေါ့ဗျာ။ ကံမ​ကောင်းစွာပဲ သူတို့ရှိ​နေတဲ့ Midnight မြို့က မ​ကောင်းဆိုးဝါး မှန်​သမျှကို ဆွဲ​ဆောင်​​နေတဲ့ သံလိုက်​တစ်​ခုလို ဖြစ်​လာပါ​တော့တယ်​။ လူသတ်​မှု့ ​တွေ ထူးခြားတဲ့ သဘာဝလွန်​ ဖြစ်​ရပ်​​တွေ က​တော့ ဆက်​တိုက်​ဆိုသလို​ပေါ့ဗျာ။ ဒီမြို့​လေးက ငရဲနဲ့ လူ့ဘုံကြားက ​နေရာတစ်​ခု ဖြစ်​​နေတာ​ကြောင့်​လဲ ဖြစ်​နိုင်​တာပဲ။ ကဲ စိတ်​ဝင်​စားဖို့​ကောင်းတယ်​မလား။ ခုမှ မဟုတ်​ပါဘူး။ Harris ရဲ့ လက်​ရာ တစ်​ခု ဖြစ်​တဲ့ True Blood က ရုပ်​သံစီးရီး ဖြစ်​လာ ကတည်းက Midnight အ​ပေါ် အာရုံစိုက်​လာခဲ့ကြတာပါပဲ။ True Blood နဲ့ ကွဲပြားသွားတာက ဘယ်​​နေရာမှာမှ အံဝင်​ခွင်​ကျ မဖြစ်​တဲ့ လူ့ခွစာ ​တွေ က Midnight မှာ မိသားစု တစ်​ခု အိမ်​ လို့​ပြောလို့ရတဲ့ ​နေရာတစ်​ခု ကို ဘယ်​လို ဖန်​တီးရရှိခဲ့သလဲ ဆိုတာကို ကြည့်​ရှု့ခံစားကြရမှာပဲဖြစ်​ပါတယ်​။ အချုပ်​ဆိုရရင်​​တော့ သဘာဝလွန်​ ဖြစ်​ရပ်​ ထူးထူးဆန်းဆန်း စိတ်​ဝင်​စားသူ​တွေ အတွက်​ လက်​မလွှတ်​သင့်​တဲ့ ရုပ်​သံစီးရီး​ကောင်း တစ်​ခု ဆိုတာ အ​သေအချာ​ပေါ့ဗျာ။
Reviewed by Thiha
Translated by Soe Myat Oo
Encoded by k
IMDB 7.5
Genres Drama, Fantasy, Mystery

Seasons 1
episodes 1
Size 308 MB

episodes 2
Size 300 Mb

episodes 3
Size 300 Mb

episodes 4

Size 304 Mb



episodes 5

Size 308 Mb


😁😁😁😁
တနေ့ကို အနည်းဆုံး နှစ်ပိုင်း တင်ပေးသွားပါမယ်။








😁😁😁😁😁😁😁😁😁








No comments:

Post a Comment