Sunday, July 15, 2018

Namiya


Namiya (2017) မြန်မာစာတမ်းထိုး
ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီးဂျပန်ဝတ္တုတပုဒ်ကိုအခြေခံထားပြီး ဂျပန်ဇာတ်ကားအနေနဲ့ ထွက်ရှိတုန်းကလဲ အောင်မြင်ခဲ့တဲ့ကားလေးဖြစ်ပါတယ်
ဒီတစ်ခေါက်တရုတ်ဗားရှင်းမှာတော့ မင်းသားကြီးဂျက်ကီချန်းက ဆိုင်ရှင်အနေနဲ့ ပါဝင်လာပြီး တက်သစ်စသရုပ်ဆောင်များကော ၀ါရင့်သရုပ်ဆောင်များတဲ့ပါ မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတာဖြစ်ပါတယ် Box office ကတော့ ဂျက်ကီချန်းဟာဒီကားမှာလဲ အသက်ကြီးကြီး ဆိုင်ရှင်အဘိုးကြီး ဇာတ်ကောင်နဲ့ သူ့သရုပ်ဆောင်စွမ်းရည်ကိုပြသနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့
၁၉၉၃ ခုနှစ်တုန်းက နာမီယာစတိုးဆိုင်လို့လူတွေခေါ်ကြတဲ့ စတိုးဆိုင်လေးမှာ ဆိုင်ရှင်အဘိုးကြီးက စာရေးပြီးအကြံအဥာဏ်တောင်းတဲ့ ကိစ္စတိုင်းကို စာပြန်ပြီးအကြံအဥာဏ်ပြန်ပေးလေ့ရှိပါတယ်..သူရဲ့ အချိန်တွေကိုတခြားလူတွေအတွက်အကောင်းဆုံးအကြံအဥာဏ်တွေပေးပြီးနေထိုင်နေရင်း တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် ဒီအလုပ်ကိုရပ်တန့်ဖို့ဖြစ်လာပါတယ်…. ဒါပေမယ့် သူသေဆုံးပြီးလို့ နောက် ၂၅ နှစ်ကြာရင် ဒီဆိုင်ကိုညသန်းခေါင်ကနေ မနက်အထိပြန်ဖွင့်မယ်လို့ ကြေညာပေးဖို့ သူအယုံကြည်ရဆုံးသူကိုမှာထားခဲ့ပါတယ်….
နောင် ၂၅ နှစ်၂၀၁၇ ခုနှစ် နှစ်သစ်ကူးတညမှာ လူငယ်လေးသုံးယောက် အမှတ်မထင် အဲ့ဆိုင်ထဲကိုဝင်မိရာကနေ…. ၁၉၉၃ ခုနှစ်က စာတွေရောက်လာပြီး ထူးဆန်းတဲ့ဆက်သွယ်မှုတွေနဲ့ ၂၀၁၇ ခုနှစ်နဲ့ ၁၉၉၃ ခုနှစ် ကြားအပြန်အလှန်စာဆက်သွယ်ဖို့ဖြစ်လာပါတယ်….
အကောင်းဆုံးအကြံအဥာဏ်တွေကြိုးစားပေးကြရင်း သူတို့အားလုံးရဲ့ ဆက်နွယ်မှုတွေသိရှိလာတဲ့အခါမှာ….
၂၀၁၇ ခုနှစ်က ပေးပို့တဲ့စာကိုလဲ ၁၉၉၃ ခုနှစ်မှာရှိနေတဲ့ မင်းသားကြီးဂျက်ကီချန်းဆီက ပြန်စာရောက်လာတဲ့အခါမှာ…
ဘာတွေဆက်ဖြစ်ကြမလဲ… ၁၉၉၃ ခုနှစ်က လူနေမှုပုံစံတွေ… အတွေးအခေါ်တွေ…. လူငယ်တွေရဲ့ ကြိုးစားချင်စိတ်တွေနဲ့…. ဖျော်ဖြေမှုရသပေးစွမ်းနိုင်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်….
Translated & Reviewed by Zun
Encoded by k
Quality Bluray
Size 950/260 MB
IMDB 4.9
Genres Drama, Fantasy
Runtime 1h 56min
HD Link



😁😁😁😁😁😁😁


😁😁😁😁😁

No comments:

Post a Comment