Saturday, July 14, 2018

Evil Nanny

Evil Nanny (2016) မြန်မာစာတန်းထိုး

Be good... or else!

ဒီတစ်ခါမှာတော့ GC မိသားစုတွေကို စိတ်ဝင်တစားနဲ့ရင်တဖိုဖိုကြည့်ရမယ့် ကားမျိုးလေးတင်ဆက်ပေးချင်ပါတယ် ပျော်စရာကောင်းတယ့်မိသားစုလေးတစ်ခုက နာနီစငှားရာကနေ စိတ်ညစ်စရာတွေပဲကြုံတွေ့ခဲ့ရတယ် လင်မယား၂ယောက်လုံးကလဲအလုပ်ကိုယ်စီနဲ့မို့ အပြင်အလုပ်ထွက်လုပ်ချင်တယ့်အတွက်ကြောင့် ကလေး၂ယောက်ကိုကြည့်ရှုစောင့်ရှောက်ဖို့ နာနီငှားခဲ့တယ် ကလေးနဲ့လဲအဆင်ပြေမယ့်သူ စိတ်သဘောထားကောင်းမယ်ထင်တယ့်သူကိုသေချာရွေးချယ်ခဲ့တယ် ဒါပေမယ့် သိပ်ကြောက်စရာကောင်းလွန်းတယ့်အဲ့ဒီမိန်းမလည်က ဟန်ဆောင်ကောင်းကောင်းနဲ့ဆက်ဆံခဲ့လို့ မိသားစုဝင်တွေကသဘောကျခဲ့ကြတယ် တဖြည်းဖြည်းနဲ့ကြာလာတော့ ဗီဇကပြလာပြီး အလုပ်လဲမလုပ်ပေး ကလေးတွေလဲ မကြည့်ပေးဘဲ မကောင်းတာတွေချည်းပဲလုပ်ခဲ့တယ် အိမ်ပိုင်ရှင်တွေခမျာ ကိုယ့်အိမ်ကိုနေပြီး သူ့ကြောက်နေရတယ့်ဘဝကိုရောက်သွားခဲ့ရတယ် ထိုမိန်းမလည်ကလဲ တခြားသူစိမ်းခေါ်အိပ်တယ့်အဆင့်တွေပါရောက်လာခဲ့တော့ သည်းမခံနိုင်ကြတော့ဘဲ ရဲတိုင်ရှေ့နေငှားပြီး အိမ်ကနှင်ချဖို့လုပ်ခဲ့ကြပေမယ့်လဲ မအောင်မြင်ခဲ့ပဲ ထိုမိန်းမလည်ရဲ့ထောင်ချောက်တွေထဲပဲ ဝင်ဝင်သွားခဲ့တယ် နောက်ဆုံးမှာ အဲ့မိန်းမလည်နဲ့ ထိုမိသားစုတို့ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးမှာစောင့်မျှော်ကြည့်ရှုပေးပါဦးရှင်

Translated & Review by Wai Mat Kyaw
Encoded by Lwin Naung

HD Link




😁😁😁😁😁😁😁😁😁😁





No comments:

Post a Comment