Tuesday, July 17, 2018

The Lost


The Lost City of Z (2017) မြန်မာစာတန်းထိုး
The Lost City of Z (2017) မြန်မာစာတန်းထိုး
imdb 7/10
ကဲ ….ဇာတ်ကားကောင်းလေးတစ်ကားလောက်ပြောပြချင်ပါတယ်
ဇာတ်ကားနာမည်ကိုမပြောခင် သရုပ်ဆောင်တွေအကြောင်းအ၇င်ဆုံးပြောကြည့်လိုက်၇အောင်
အင်္ဂလန်လူမျိုးသရုပ်ဆောင် Charles Matthew Hunnam ကခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်
ဒီမင်းသားဟာဆိုရင် ခုလောလောလက်လက်ထွက်ထားတဲ့ King Arthur: Legend of the sword ဇာတ်ကားအပြင်
ပရိတ်သတ်တွေကြိုက်နှစ်သက်ခဲ့တဲ့ Pacific Rim ၊ Chrisom Peak ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပါတယ်။သူ့အကြောင်းပြီးတော့
နောက်ထပ် ပရိတ်သတ်တွေရဲ့ အသဲနှလုံး ကိုလှုပ်ခတ်ဖူးတဲ့ Twilight မင်းသားချော Robert Pattinson ကပါဝင်အားဖြည့်ပေးထားတော့
သရုပ်ဆောင်ပိုင်းအနေနဲ့ကတော့ ပြောစရာမလိုအောင် သာလွန်ကောင်းမွန်နေမယ်ဆိုတာအသေအချာပါပဲ….မင်းသမီးအနေနဲ့ကတော့
Sienna Miller က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်…အဲဒီ မင်းသမီးဟာဆိုရင်လည်း အောင်မြင်မှုအတော်ရရှိခဲ့တဲ့ American Sniperပြီးတော့
Burnt ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်….ဒါရိုက်တာ အနေနဲ့ ကတော့ James Gray ကရိုက်ကူးပေးထားတာပါ….သရုပ်ဆောင်ပိုင်းတွေပြောပြီးတော့ ….ဇာတ်လမ်းအကြောင်းလေးဆီကိုသွားလိုက်ရအောင်။
ဒီဇာတ်ကားက Imdb Rating 7/10 နဲ့
Rotten Tomatoes 88% တောင် ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီ Rating တွေကိုကြည့်ခြင်းအားဖြင့်
ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မယ်ဆိုတာ ညွှန်းဖို့တောင်လိုမယ်မထင်ပါဘူး။ဒီဇာတ်ကားကို အမေရိကန် စာရေးဆရာ David Grann ရေးသားထားတဲ့ 2009 ခုနှစ်မှာထွက်၇ှိခဲ့တဲ့ The Lost City of Z စာအုပ်အခြေခံပြီး အသက်သွင်းထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာအကြိုက်အတွေ့ဆုံးအချက်က အမေဇုန်တော ထဲမှာ ပျောက်ဆုံးသွားတဲ့ Percy Fawcett တို့သားအဖ ပျောက်ဆုံးသွားမှုကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် Drama film/action ဇာတ်ကားအမျိုးအစားတစ်ခုဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ Major Fawcett
က Brazil နဲ့ Bolivia နှစ်နိုင်ငံအကြားဖြစ်ပွားနေတဲ့ နယ်နမိတ် အငြင်းပွားမှုကို ဖြေရှင်းပေးရန် မြေပုံဆွဲဖို့ အမေဇုန်တောထဲကို သွားခဲ့ရပါတယ်
မြေပုံဆွဲဖို့ တိုင်းတာရင်းနဲ့ အမှတ်မထင် ပျောက်ဆုံးနေတဲ့ မြို့တော်ကြီးရဲ့ သဲလွန်စအချို့ကို တွေ့သွားပြီး ရှာဖွေမှုတွေကို စတင်ပြုလုပ်ခဲ့တယ်။
ထို့နောက် အမေဇုန်တော ထဲတွင်ရှာဖွေမှုတွေပြုလုပ်ရင်း လူရိုင်းတွေနဲ့တွေ့ဆုံခဲ့ပြီး စွန့်စားခန်းတွေနဲ့ပြည့်နက်နေတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
နှစ် ၂၀ တိုင်တိုင်ရှာဖွေခဲ့တဲ့ ပျောက်ဆုံးနေတဲ့ မြို့တော်ကြီးတွေ့သွားမလား………………………………………ဆိုပြီး ပဟေဠိ ဆန်ဆန် ဇာတ်ကွက်တွေနဲ့ ပရိတ်သတ်ရဲ့ အကြိုက်ကို ဖမ်းစားဦးမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ပြောချင်ပါတယ်။
Review & Translate by: Yan Nyein Aye
Encode by: Sai KO
Quality Blueray
Size 800MB



😁😁😁😁😁😁


😁😁😁

No comments:

Post a Comment