Sunday, July 22, 2018

Adventures in


Adventures in Public School (2017) မြန်မာစာတမ်းထိုး
ဒီတစ်​​ခေါက်​မှာလဲ Adventures in public school ဆိုတဲ့လူငယ်​​တွေကိုပညာ​ပေးထားတဲ့ဇာတ်​ကား​လေးနဲ့မိတ်​ဆက်​​ပေးချင်​ပါတယ်​ ဒီဇာတ်​ကား​လေးမှာဆိုရင်​ လီရမ်​ဆိုတဲ့​ကောင်​​လေးဟာအိမ်​မှာပဲအ​မေဖြစ်​သူရဲ့စာသင်​​ပေးခြင်းကိုခံရတဲ့​ကောင်​​လေးတစ်​​ယောက်​ဖြစ်​ပါတယ်​ သူဟာ အထက်​တန်း​ကျောင်းမှာ စာ​မေးပွဲသွား​ဖြေရာက​နေ ​ခြေ​ထောက်​တစ်​ဖက်​ပျက်​လို့အတုတတ်​ထားတဲ့​ကောင်​မ​လေးကို​တွေ့ပြီးစိတ်​ဝင်​စားသွားပါ​တော့တယ်​ ဒါ​ကြောင့်​သူဟာ ​အ​ဖြေလွှာမှာအမှား​တွေပဲ​ဖြေပြီး စာ​မေးပွဲအကျခံလိုက်​ပါတယ်​ ဘာလို့လဲဆို​တော့ သူဟာ အထက်​တန်း​ကျောင်းကိုတက်​ချင်​တာ​ကြောင့်​ပါပဲ ဒါ​ကြောင့်​လီရမ်​ဟာ အထက်​တန်း​ကျောင်းကိုတက်​ဖို့ ​တောင်းဆို​တာကြောင့်​သူ့အ​မေကတစ်​ပတ်​တက်​ကြည့်​ဖို့ခွင့်​ပြု​ပေးလိုက်​ပါတယ်​ အဲ့ဒီလိုတက်​တဲ့​နေရာမှာလဲ အဆုတ်​​ရောဂါခံစား​နေရလို့ခွင့်​ယူထားတဲ့ ​ကောင်​မ​လေးရဲ့​နေရာမှာ အစားထိုးဝင်​ပြီးတက်​ခဲ့ရပါတယ်​ အဲ့ဒီလိုနဲ့ဆယ်​​ကျော်​သက်​အရွယ်​လီရမ်​ဟာ အစိုးရ​ကျောင်း​တွေမှာ ဘယ်​လိုမျိုး သင်​ခန်းစာ​တွေရလာခဲ့လဲ သူ့အ​မေဖြစ်​​စေချင်​သလို ကမ်​ဘ​ရေ့ခ်ျ​ မှာ ပညာသွားသင်​နိုင်​မှာလား သူကြိုက်​တဲ့​ကောင်​မ​လေးနဲ့​ရောရင်းနှီးခွင့်​ရပါ့မလားဆိုတာကို​တော့ ဒီဇာတ်​လမ်း​လေးထဲမှာဆက်​လက်​ကြည့်​ရှု​ပေးကြပါ
Translated & Reviewed by Pwint Pwint
Encoded by Lwin Naung
Quality Bluray
Size /200 MB
IMDB 5.8
Genres Comedy
Runtime 1h 26min
SD Link



😁😁😁😁😁😁😁


😁😁😁😁



No comments:

Post a Comment