Saturday, July 28, 2018

Death Wish (2018)


Death Wish (2018) မြန်မာစာတမ်းထိုး
Bruce Willis ကိုမြင်တာနဲ့ ကောင်းကြောင်းအရမ်းညွန်းစရာ မလိုမယ့်ကားလေးပါနော် ဇာတ်လမ်းကတော့ ချီကာဂိုကအဖြစ်အပျက်တစ်ခု အကြောင်းကိုရိုက်ထားတာပါ ချီကာဂိုမှာ သေနတ်နဲ့ပစ်သတ်မှုတွေ အရမ်းဖြစ်ပွားနေတဲ့အချိန်ပေါ့ ဘယ်သူတွေကပစ်တယ် ဘာရည်ရွယ်ချက်နဲ့ပစ်တယ်ဆိုတာကို ရဲတွေကအစခြေရာခံလို့မရဘူးဖြစ်နေတယ် ရဲတွေပါပစ်ခတ်ခံနေရတယ် Bruce Willis ကတော့ main lead ပေါ့ သူကဒီကားထဲမှာ ပေါ်လ်ကာစီ လို့ခေါ်တဲ့ ဆရာဝန်တစ်ယောက်ပါ အလုပ်ကိုလည်း အရမ်းတန်ဖိုးထားသလို မိသားစု မိန်းမနဲ့သမီးကို အရမ်းချစ် တန်ဖိုးထားတဲ့သူပေါ့ တစ်နေ့တစ်နေ့ သူဆေးရုံမှာ ပစ်ခတ်မှုက လူနာတွေနဲ့အလုပ်ရှုပ်နေရတဲ့အချိန်ပါ့ ဒီလိုနဲ့ သူ့မွေးနေ့ကိုရောက်လာရော မိန်းမရယ် သမီးလေးရယ် သူ့ညီရယ်နဲ့ ညစာစားဖို့ပျော်ရွှင်နေတဲ့အချိန် ဆေးရုံက အရေးပေါ်လူနာလှမ်းခေါ်လို့သွားလိုက်တဲ့အချိန်မှာ မထင်မှတ်တာတွေကနေ သူ့ဘဝပျက်တဲ့ထိ သူဘာမှမလုပ်နိုင်တော့လောက် အောင် အဖြစ်ဆိုးနဲ့ကြုံလိုက်ရပါတယ် ဒီလိုနဲ့သူရှေ့ဆက် စိတ် ဓာတ်ကျပြီးရှေ့ဆက်မလား သူ့ဘဝရဲ့အရေးကြီးတာတွေ အတွက် သူဘယ်လို ကလဲ့စားချေမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ သူ့ဘဝကိုပြောင်းလဲစေတဲ့စကားကတော့ သူ့ယောက်ခမ ရဲ့ “တစ်ခုခုဆို ရဲကိုအားကိုးနေလို့မရဘူး မင်းချစ်တဲ့အရာတွေကိုမင်း ထိန်းသိမ်းချင်ရင် မင်းကိုယ်တိုင်ရှေ့ထွက်မှရမယ် နိုင်ငံနဲ့ရဲကို အားကိုးနေလို့မရဘူး” ဆိုတဲ့စကားက သူ့ကိုဘယ်လောက်ထိပြောင်းလဲ သွားစေလဲ လူ့အသက်ကိုကယ်တင်နေတဲ့ ဆရာဝန်တစ်ယောက်ရဲ့ မထင်မှတ်လောက်အောင်ပြောင်းလဲမှုတွေ,သူ့ရဲ့ရင်ကွဲခံစားရတဲ့ နေ့ရက်တွေ နာကျည်းမှုတွေကို သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို သနားစဖွယ် စိတ်ဝင်စားဖွယ် ရင်နင့်ဖွယ်မြင်ရမယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ညွှန်းလိုက်ပါတယ်နော်
Translated & Reviewed by Hnin Thazin Win
Encoded by k
Quality HDrip
Size 760 MB
IMDB  6.5
Genres  Action, Crime, Drama
Running Time 1h 47min
HD Link






😁😁😁😁😁😁

No comments:

Post a Comment