Gotti (2018) မြန်မာစာတမ်းထိုး
ဒီဇာတ်လမ်းလေးက 2018 Juneလမှထွက်ရှိထားတာပါ Lem Dobbsနဲ့ Leo Rossiတို့မှရေးသားခဲ့ပြီး ဒါရိုက်တာKevin Connollyမှရိုက်ကူးထားတာဖြစ်ပါတယ် Gotti အနေနဲ့ သရုပ်ဆောင်မင်းသားကြီး John Travolta ကပါဝင်သရုပ်ဆောင်ထားပါတယ် နယူးယော့မြို့ရဲ့လူဆိုးဂိုဏ်းဝင်တွေဖြစ်တဲ့ဂျွန်ဂေါ်တီနဲ့သူ့ရဲ့သားဂျွန်အေဂေါ်တီအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် ဂျွန်ဂေါ်တီဟာကလေး၅ယောက်ရဲ့ဖခင်ဖြစ်ပြီးသူဟာအလုပ်မျိုးစုံလုပ်တတ်သူဖြစ်ပါတယ် လိုအပ်ရင်လူလဲသတ်ပြီးပြစ်မှုတခုနဲ့ရင်ဆိုင်ရတိုင်းမရှောင်ပြေးဘဲခံယူတတ်သူဖြစ်တယ် အချုပ်ခန်းနဲ့ထောင်ကိုကိုယ့်အိမ်လိုသဘောထားပြီးမကြာခဏဝင်ထွက်သွားလာနေတတ်တယ် တနေ့အိမ်ရှေ့ခပ်လှမ်းလှမ်းမှာစက်ဘီးစီးနေတဲ့သူ့ရဲ့၁၂နှစ်အရွယ်သားလေးယဉ်တိုက်မှုဖြစ်ပြီးသေဆုံးသွားပါတယ် တိုက်တဲ့သူကဂျွန်ဖေဘရာဖြစ်ပြီး ဂေါ်တီကဘာမှမတုံ့ပြန်ပေပမဲ့ ဂေါ်တီရဲ့အခင်ဆုံးဘော်ဒါအန်ဂျီလိုကဂျွန်ဖေဘရာရဲ့အဖေကိုသတ်ပြီးသူငယ်ချင်းအတွက်လက်တုံ့ပြန်သလိုဖြစ်တာကြောင့် ဂေါ်တီကသူမခိုင်းတာကိုလုပ်တဲ့အတွက် ဂေါ်တီိနဲ့အန်ဂျီလိုသဘောထားကွဲလွဲပါတော့တယ် နောက်ပြီးလူဆိုးဂိုဏ်းရဲ့ခေါင်းဆောင်နေရာကိုဂေါ်တီကလိုချင်တာကြောင့် လက်ရှိခေါင်းဆောင်ဖြစ်နေတဲ့ပေါလ်ကို သူသတ်ခဲ့ပြီး သူလိုချင်တဲ့နေရာရခဲ့ပါတယ် အဖွဲ့တခုမှာတော့သစ္စာဖောက်ဆိုတာရှိစမြဲပါဘဲ သူတို့ထဲကတယောက်သစ္စာဖောက်ပြီးတခြားတယောက်နဲ့လက်တွဲကာ ဂျွန်ဂေါ်တီကိုထောင်ထဲထည့်ဖို့ဂွင်ဆင်ပါတော့တယ် ဇနီးဖြစ်သူဗစ်တိုးရီးယားကသူ့သားကိုဒီဒုစရိုက်လောကကြီးထဲ ခေါ်မသွားဖို့ဂေါ်တီကိုကတိတောင်းခဲ့ပေမဲ့ ဂေါ်တီကကတိဖျက်ခဲ့ပါတယ် အဲ့နောက်ပိုင်းဂျွန်ဂေါ်တီရဲ့သားဂျွန်နီပါဒီဒုစရိုက်လောကကြီးထဲဝင်ရောက်လာသောအခါ သားအဖနှစ်ယောက်သူတို့ကိုထောင်ထဲထဲ့ဖို့ကြိုးစားနေတဲ့သူတွေကိုပြန်တွန်းလှန်နိုင်ပါ့မလား ဂေါ်တီအကြောင်းကိုသိကြတဲ့ပြည်သူလူထုကကောဂေါ်တီဘက်ကရပ်တည်ပေးကြမှာလား ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာဆက်လက်ကြည့်ရှုစေချင်ပါတယ် ဒီဇာတ်ကားလေးမှာအဓိကပြောချင်တာကမိသားစုထက်ဘယ်အရာမှအရေးမကြီးဘူးဆိုတာပါ အခုချိန်မှာသူမရှိတော့ပေမဲ့သူကလူကောင်းတစ်ယောက်ဖြစ်တဲ့အတွက်လူတိုင်းသူ့ကိုအမှတ်ရနေမှာပါ
Translated & Reviewed by Myat N Wai
Encoded by k
Quality Webdl
Size 780/220 MB
IMDB 4.7
Genres Biography, Crime, Drama
Runtime 1h 52min
HD Link
SD Link
😁😁😁😁😁😁😁😁😁😁
No comments:
Post a Comment