Sunday, July 22, 2018

Submission


Submission (2017) မြန်မာစာတမ်းထိုး
Submission ဇာတ်ကားလေးဟာ 2017 ကတည်းကထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်အိမ်တည်ထားတဲ့ ပုံစံလေးကတော့ ဒရာမာဆန်ဆန်လေးပါပဲ။ ဒီဇာတ်လမ်းထဲမှာ Ted Swenson (Stanley Tucci), Angel Argo(Addison Timlin),
Sherri Swenson(Kyra Sedgwick) တို့ကအဓိကသရုပ်ဆောင်ထားပါတယ်။ ဇာတ်အိမ်တည်ထားတဲ့ ပုံစံကတော့ အရင်က နာမည်ကြီးခဲ့တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့
Ted Swenson ဟာ ယူစတန် ကောလိပ်မှာ ပရော်ဖက်ဆာ တစ်ယောက်အဖြစ်နဲ့ စာသင်ကြားပို့ချနေခဲ့ပါတယ်။ သူ့ရဲ့ကျောင်းသားတွေထဲမှ Angela Argo တစ်ယောက်လဲပါတာပေါ့။
Angela ဟာ စာရေးဆရာတစ်ယောက်ဖြစ်ချင်နေတဲ့သူဆိုလဲမမှားပါဘူး။ Ted Swenson နဲ့ Angela နဲ့ အတန်းစာသင်ကြားရေးနဲ့ပက်သက်ရင်း စကားတွေပြောကြရင်းနဲ့
Angela ဟာ သူရေးထားတဲ့ EGGS ဆိုတဲ့ ၀တ္ထုကို Ted ကိုပေးဖတ်ခိုင်းပြီး လိုအပ်တာတွေသင်ကြားပြသပေးဖို့ တောင်းဆိုခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Ted ဟာ အရင်က နာမည်ကြီးခဲ့သလောက်
အခုအချိန်မှာ စာပြန်ရေးဖို့အတွက်ကြိုးစားရင်း အကြပ်ရိုက်နေတယ်ဆိုရင်လဲမမှားပါဘူး။ ဒီလိုနဲ့ Angela ရဲ့ ၀တ္ထုတွေကို ဖတ်ရင်းနဲ့ Angela ကိုသဘောကျလာခဲ့ပါတယ်။ Angela ကလဲအရင်တုန်းက နာမည်ကြီးစာရေးဆရာ Ted ကို
အကြံအစည်နဲ့ ချည်းကပ်ခဲ့ပြီး သူ့ဝတ္ထုကို အက်ဒီတာနဲ့တိုင်ပင်ပြီးထုတ်ဝေပေးဖို့အတွက် Ted နဲ့အတူနေပေးပြီး သူ့ခန္ဓာကိုယ်ကို အရင်းအနှီးပြုခဲ့ပါတယ်။
ဒီလိုနဲ့ Ted တစ်ယောက် အပူတပြင်းနဲ့ အက်ဒီတာကိုသွားတွေ့ခဲ့ပါတယ်။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်အဆင်မပြေခဲ့တော့ Ted တစ်ယောက်အကြီးအကျယ်စိတ်ညစ်ခဲ့ပါတယ်။
နောက်တစ်နေ့ကျ Ted နဲ့ Angela နဲ့ အကြီးအကျယ်စကားတွေများပြီး Angela က ဥာဏ်ဆင်ခဲ့ပါတယ်။ စကားများထားတဲ့ဟာကို Angela က အသံဖမ်းထားပြီး
ကျောင်းအုပ်ရုံးခန်းကို ပို့ခဲ့ပါတယ်။ နောက်တော့ Ted တစ်ယောက် ဘယ်လိုဖြစ်ပြီး ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ပရိတ်သတ်တွေပဲခံစားကြည့်လိုက်ကြတော့နော်
ဇာတ်ကားပုံစံက 18+ မဟုတ်ပေမယ့် ဇာတ်ကားထဲမှာ သုံးနှုန်းထားတဲ့ စကားပြောခန်းတွေက မိသားစုနဲ့ ကြည့်ရင် အဆင်မပြေမှာမဟုတ်ပါဘူးနော်။
အဲ့ဒါလေးတစ်ချက်လောက် သတိထားပြီး ဒီဇာတ်ကားလေးကို ကြည့်စေချင်ပါတယ်ဗျာ.......................
Translated & Reviewed by Arkar
Encoded by Lwin Naung
Quality Bluray
Size /220 MB
IMDB 5.5
Genres Drama
Runtime 1h 46min



😁😁😁😁😁😁😁😁



😁😁😁😁😁




No comments:

Post a Comment