Sunday, July 29, 2018

Voldemort: Origins of the Heir (2018)


Voldemort: Origins of the Heir (2018) မြန်မာစာတမ်းထိုး
Tom Riddle, Voldemort , The Dark Lord လို့ပြောရင် Harry Porter fans တွေ သိမယ်ထင်ပါတယ်။
အခု ဇာတ်ကားလေးကတော့ Harry Porter မတိုင်မီ Tom Riddleb ရဲ့ Power ရလာပြီး Voldemort လို့ခေါ်တဲ့ The Dark Lord ဖြစ်လာပုံကို ရိုက်ကူးထားတာပါ။
Fan Made film တစ်ခုဖြစ်ပြီး Fantasy ဆန်ဆန်လေးနဲ့ ကြည့်ရတာ အတော်ကောင်းပါတယ်။
မှာချင်တာ တစ်ခုက ဒီကားလေးဟာ Harry Porter fans တွေပဲ နားလည်နိုင်မှာဖြစ်လို့ တချို့လူတွေအတွက် ကြည့်ရတာ ဟာတာတာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကြည့်ဖြစ်အောင်တော့ ကြည့်ပါ။
ထင်မှတ်မထားတဲ့ အဆုံးသက်ကို တွေ့ရမှာပါ။
ကဲ ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောကြည့်ပါ့မယ်။
Hogworts ကျောင်း (မှော်ကျောင်းကို) တည်ထောင်သူ လေးဦးရှိပါတယ်။ လေးဦးလုံးဟာ စံအိမ်လေးခုလုံးရဲ့ အမွေခံတွေ ဖြစ်ကြပါတယ်။ ဒီအမွေခံလေးဦးလုံးမှာ အမွေခံပစ္စည်းတစ်ခုစီရှိပါတယ်။ ပြီးတော့ သူတို့ အရိုက်အရာကို ဆက်ခံမယ့် အမွေခံလေးဦးလဲ ထပ်ရှိပြန်ပါသေးတယ်။ တွန်ရစ်ဒယ်၊ မာဂလက်ဖ်၊ လာ့ဇရစ် နဲ့ ဂရစ်ရှာတို့ဟာ အမွေဆက်ခံသူလူငယ် လေးဦးဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့၊ ငြိမ်းချမ်းရေးရဖို့၊ အမှန်တရားက အမြဲနိုင်ဖို့ ကြိုးစားချင်ခဲ့ကြပါတယ်။ သူတို့ အတူတူ လေ့ကျင့်တယ်၊ အတူတူ စာကျက်တယ်၊ သူတို့မိသားစုတွေရဲ့ အမွေခံပစ္စည်းတွေကို အတူတူ ရှာဖွေကြတယ်။ ဒါပေမယ့် သူတို့လေးဦးထဲမှာ ရစ်ဒယ်ဟာ အမြဲ ထူးခြားနေတက်တယ်။ သူဟာ အားကစားတွေကို မုန်းတယ်။ စာကြမ်းပိုးတစ်ယောက်ဖြစ်တယ်။ အဆိုးတုံးက သူဟာ Power ကို အရမ်းလိုချင်တယ်။ ပြိုင်ဘက်ကင်းမှော်ဆရာတစ်ယောက် အရမ်း ဖြစ်ချင်တယ်။ ဒီလိုနဲ့သူ့ရဲ့ လောဘတွေက သူ့ကို လမ်းမှား ပို့ပေးခဲ့တယ်။ အာဏာနဲ့ ပါဝါရဖို့ သူ ဘာမဆိုလုပ်ရဲခဲ့တယ်။ သူ့ရဲ့လောဘတွေ အဆုံးမသက်နိုင်တဲ့ အခါမှာတော့…..။ဇာတ်ကားလေးဟာ ကြာမြင့်ချိန် နည်းသလို စိတ်ဝင်စားဖို့လဲကောင်းတာကြောင့် ပြီးမှန်း မသိ ပြီးသွားနိုင်ပါတယ်။
မှော်ကားလေးဖြစ်လို့ မိသားစုနဲ့လဲ အတူ ကြည့်လို့ရပါတယ်။
ကဲ ချမ်းအေးတဲ့ဆောင်းညကို ဇာတ်ကားကောင်းလေးနဲ့ ကျော်ဖြတ်ကြရအောင်…???
Translated & Reviewed by Adrian Soe @ Ko Minn
Encoded by k
Quality Webdl
Size 450 MB
IMDB 6.0
Genres Adventure, Fantasy
Running time 53min
IMDB 6.0
Genres Adventure, Fantasy
Running time 53min





😁😁😁😁😁😁


😁😁😁😁

No comments:

Post a Comment