Thursday, August 2, 2018

A Taxi Driver (2017)


A Taxi Driver (2017) မြန်မာစာတမ်းထိုး
ပုံမှန်​ဆိုရင်​​တော့ ကျွန်​​တော်​ဟာ ကိုရီးယားကား​တွေမကြည့်​ဖြစ်​ပါဘူး Hypeဖြစ်​တဲ့ Train to busanတို့ The tunnelတို့လို ဇာတ်​ကား​တွေကလွဲရင်​ အခြား ကိုရီးယားကား​တွေဘက်​ကို မျက်​​စောင်း​တောင်​ လှည့်​မထိုးတတ်​တဲ့ သူတစ်​​ယောက်​ပါ။ World wide box officeထဲမှာ ​မွှေ​နှောက်​​နေတုန်း အ​မေရိကန်​​ဒေါ်လာ သန်း၈၀ရထားတဲ့ ဇာတ်​ကားတစ်​ကားကို ​တွေ့မိပါတယ်​။ အဲ့ဇာတ်​ကားကို Top tenထဲမှာ​ရော မ​တွေ့ဖူးတာ​ကြောင့်​ ဝင်​ကြည့်​မိပါတယ်​။ ​တောင်​ကိုရီးယား တစ်​ကားဖြစ်​​နေပါတယ်​။ ဒီ​ဇာတ်​ကားကို စိတ်​ဝင်​စားမိတာက 2018မှာ ကျင်းပမဲ့ 90th Oscar Awardမှာ Best Forigne ရုပ်​ရှင်​တစ်​ကားအဖြစ်​ လျာထားခံရလို့ပါပဲ။ ဒီလိုနဲ့ စကြည့်​မိပါတယ်​။ ဇာတ်​လမ်း​လေးကို​တော့ ၁၉၈၀ ​နွေဦးပိုင်းကို အသား​ပေးရိုက်​ကူးထားပါတယ်​။ ဆိုလ်းမြို့မှာ တက္ကစီဆွဲ​နေတဲ့ ကားဆရာတစ်​​ယောက်​ရဲ့ဘဝဟာ အလွန်​ ခက်​ခဲလွန်းလှပါတယ်​။ သူ့မိန်းမ​သေပြီးသွားတဲ့​နောက်​မှာ သူ့သမီး​လေးကို ​စောင့်​​ရှောက်​ဖို့ ​ဆော်​​ရေအာ​ရေဘီးယားနိုင်​ငံမှာ အလုပ်​သွားလုပ်​တုန်းက ရထားတဲ့ ပိုက်​ဆံ​လေးနဲ့ တက္ကစီတစ်​စီးဝယ်​ပြီး ဆိုလ်းမြို့ထဲ တက္ကစီဆွဲစားရပါတယ်​။ သူတို​​နေထိုင်​တဲ့အိမ်​ကိုလဲ ငှါးထားပြီး အိမ်​လခ ဝမ်​၁သိန်းကို​တောင်​ မ​ပေးနိုင်​လို့ အိမ်​ရှင်​ဆီ ပိုက်​ဆံပြန်​​ချေးရတဲ့ အဖြစ်​မျိုး ကြုံ​နေရတဲ့သူပါ။ နိုင်​ငံ​ရေးလှုပ်​ရှားမှုလဲ သိပ်​မရှိသလို သပိတ်​​မှောက်​တဲ့ တက္ကသိုလ်​​ကျောင်းသား​တွေကို​တောင်​ အပြစ်​​ပြော​နေတတ်​တဲ့သူပါ။ တစ်​ရက်​​တော့ စား​သောက်​ဆိုင်​မှာ ဝမ်​၁သိန်းရမဲ့ အလုပ်​တစ်​ခုကို ကြားမိပါတယ်​။ အဲ့အလုပ်​က​တော့ ဂျွမ်​ဂျူဆိုတဲ့ ကိုရီးယားမြို့ငယ်​​လေးတစ်​ခုကို နိုင်​ငံခြားသားခရီးသည်​တစ်​​ယောက်​တင်​ပြီး ​နေ့ချင်းပြန်​တာနဲ့တင်​ ဝမ်​၁သိန်းရမဲ့အလုပ်​ပဲဖြစ်​ပါတယ်​။ ဒါ​ကြောင့်​သူဟာ အဲ့အလုပ်​ကိုဖြတ်​ခုတ်​ပြီး နိုင်​ငံခြားခရီးသည်​ကို ​လေဆိပ်​မှာသွား​စောင့်​ကာ ဂျွမ်​ဂျူကို ​ခေါ်သွားပါ​တော့တယ်​။ ဂျွမ်​ဂျူဆိုတာက နိုင်​ငံ​ရေးဆူပူထကြွမှု​တွေရှိ​နေတဲ့ နယ်​မြို့​လေးတစ်​မြို့ပါ။ စစ်​တပ်​က လူ​တွေကို ရိုက်​နက်​သတ်​ဖြတ်​​နေ​ပေမဲ့လဲ သတင်းစာ​တွေ ရုပ်​မြင်​သံကြား​တွေမှာ သပိတ်​သမား​တွေဟာ စစ်​တပ်​က စစ်​သား​တွေကို ဂိုဏ်းအဖွဲ့​တွေနဲ့​ပေါင်းပြီး သတ်​ဖြတ်​တယ်​လို့သာ ​ကောလဟာလသတင်း​တွေထွက်​​နေတဲ့ ​နေရာတစ်​ခုပါ။ ဖြစ်​ချင်​​တော့ သူလိုက်​ပို့ရတဲ့ခရီးသည်​ဟာ ဂျပန်​က​နေ ခိုးဝင်​လာတဲ့ ဂျာမနီသတင်း​ထောက်​တစ်​​ယောက်​ဖြစ်​ပါတယ်​။ သူခိုးဝင်​လာရတဲ့ ရည်​ရွယ်​ချက်​ကလဲ အဲ့မြို့မှာဖြစ်​​နေတဲ့ ​ကောလဟာလ​တွေကို အမှန်​အတိုင်း ကမ္ဘာကြီးကို ချပြချင်​လို့ပဲဖြစ်​ပါတယ်​။ ဘာသာမတူ လူမျိုးမတူ သူတို့နှစ်​​ယောက်​ရဲ့ စိတ်​ဓာတ်​​တွေအပြင်​ ​ခေတ်​​ဟောင်းကိုရီးယားနိုင်​ငံထဲက မျိးချစ်​စိတ်​အပြည့်​ရှိပြီး ကိုယ့်​မြို့ကိုကာကွယ်​ချင်​စိတ်​နဲ့ အသက်​ကို​တောင်​ စ​တေးခဲ့ကြရတဲ့ ရာဇဝင်​တွင်​ခံသင့်​တဲ့ ဂျွမ်​ဂျူ​ဒေသခံ ​တွေကိုလဲ ​တွေ့ရဦးမှာပါ။ ဖြစ်​ရပ်​မှန်​ကို အ​ခြေခံရိုက်​ကူးထားပြီး ခုချိန်​ထိ ကိုရီးယားလူမျိုး​တွေ စိတ်​ဝင်​စားမှုခံ​နေရတဲ့ဖြစ်​ရပ်​​လေးဖြစ်​ပါတယ်​။ ဂျာမနီ သတင်း​ထောက်​နဲ့ တက္ကစီကားဆရာတို့ဟာ ဂျွမ်​ဂျူက​နေ ဆိုလ်းကိုပြန်​​ရောက်​ကတည်းကရင်း လက်​ရှိအချိန်​ထိ အပြင်​မှာ ပြန်​မ​တွေ့ရ​သေးပါဘူး။ ရုပ်​ရှင်​ကား​လေးရဲ့အဆုံးမှာ အပြင်​က ဂျာမနီသတင်း​ထောက်​အစစ်​က တက္ကစီ ကားဆရာကို ​​အောက်​​မေ့သတိရ​ကြောင်း​ပြောတဲ့ ရုပ်​ရှင်​တို​လေးလဲပါပါတယ်​။ IMDb 8.0နဲ့ Rotten tomatoes 94%ရထားတဲ့ ဒီကား​လေးကိုကြည့်​ပြီး လာမယ့်​ 90th Oscar Awardအတွက်​ Best Forigne Film​လေးကို ရင်​ခုန်​စွာ ​စောင့်​ကြည့်​လိုက်​ပါဦး​ဗျာ။
Translated & Reviewed by Min Thwin Khant
Encoded by k
Quality HDrip
Size 980 MB
IMDB 8.0




😁😁😁😁😁



😁😁😁



No comments:

Post a Comment