Thursday, August 2, 2018

Ghost In The Shell (2017

Ghost In The Shell (2017)မြန်မာစာတန်းထိုး
ပရိသတ်တွေ ဒီတစ်ပတ်ကြည့်ဖို့ ကိုတော့ ဂျပန်ရုပ်ပြ ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ စိတ်ကူးယဉ် သိပ္ပံအက်ရှင်ဇာတ်ကား Ghost in the Shell ကို ညွှန်းပေး ချင်ပါတယ်။
အနာဂတ်ကာလ မြင်ကွင်းနဲ့ အတူ စက်ရုပ်တွေဟာ လူသားတွေရဲ့ စွမ်းရည်၊ အသိဉာဏ်တွေရှိလာပြီမို့ လူနဲ့ စက်ရုပ်ခွဲခြားမရတဲ့ အနေအထားမျိုးတွေ ဖြစ်လာခဲ့ပါ တယ်။ ကမ္ဘာ့အကြီးဆုံး ရိုဘော့ ထုတ်လုပ်ရေးအဖွဲ့အစည်းဖြစ်တဲ့ ဟန်ကာအဖွဲ့ဟာ လျှို့ဝှက်စမ်း သပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး မှတ် ဉာဏ်အတုဖန်တီးတာထက် လူ သားဦးနှောက်ကို စက်ရုပ်ထဲထည့်ပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ဟန်ကာအဖွဲ့ဟာ ဆိုက်ဘာ တိုက်ပွဲ တစ်ခုမှာ တစ်ယောက် တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မီရာကစ်လီယန်ဆိုတဲ့ မိန်းကလေးကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ကစ်လီယန်ဟာ နှစ်အနည်းငယ် ကြာအပြီးမှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့ (၉)မှာ မေ ဂျာရာထူးရခဲ့ပါတယ်။
မေဂျာနဲ့အတူ ဘာတို၊ တိုဂူ ဆာတို့ဟာ ဌာန အကြီးအကဲ ဒိုင်ဆုကီအာရာမာကီရဲ့ လက် အောက်မှာ လှုပ်ရှားနေတာဖြစ်ပြီး တစ်ရက်မှာတော့ ဟန်ကာစီးပွား ရေးကွန်ဖရင့်မှာ ဂေးရှားမယ်အ ယောင်ဆောင်စက်ရုပ်က အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့တာ ကြောင့် မေဂျာတို့အဖွဲ့တွေ ရှင်း လင်းသုတ်သင်နိုင်ခဲ့ပါတယ်။
နောက်တော့ အကြမ်းဖက်မှုတွေဟာ တဖြည်းဖြည်းနဲ့ အဆင့် တက်လာခဲ့ပြီး တစ်ဦးတစ် ယောက်ရဲ့ စိတ်ကို ဝင်ထိန်းချုပ် ပြီး ခိုင်းစေတာတွေအထိပါ လုပ် လာခဲ့ပြီး မေဂျာကတော့ ဒီလိုအ ခြေအနေကို ရပ်တန့်ဖို့အတွက် တစ်ယောက်တည်းသောသူဖြစ်ခဲ့ ပါတယ်။
ရန်သူအသစ်တွေကို ရင် ဆိုင်ဖို့ ပြင်ဆင်ရင်း မေဂျာဟာ သူ့ ရဲ့ဘဝကို ကယ်တင်တာထက် ခိုးယူခံထားရတယ်  ဆိုတာကို သဘောပေါက်သွားပါတယ်။ မေ ဂျာဟာ သူ့ရဲ့ အတိတ်ဘဝကို ပြန်လည်ဖော်ထုတ်ရင်း လက်ရှိဘဝ အခြေအနေရောက်အောင် လုပ်ခဲ့တာတွေကို လက်စားပြန်ချေတဲ့အ ကြောင်း ရိုက်ကူးတင်ဆက်ထား တာပါ။
စိတ်ကူးယဉ် သိပ္ပံအက်ရှင် ဇာတ်ကားမို့ အထူးပြုလုပ်ချက် တွေ အများကြီးပါသလို ခေတ် လွန်လက်နက်တွေ၊ စက်ကိရိယာ တွေနဲ့မို့ တချို့ပရိသတ်တွေက တော့ သဘောကျချင်မှ ကျပေ မယ့်လို့ သိပ္ပံအက်ရှင်တွေကြိုက် တဲ့ ပရိသတ်တွေ ကြည့်ရအောင် လို့အမြည်းလေးဖော်ပြပေးလိုက် တယ်နော်။ ဒီဇာတ်ကားမှာ စကားလက်ဂျိုဟန်ဆန်၊ ဘိ(တ်)တာကဲရှိကီတာနို၊ မိုက်ကယ်ပစ်၊ ပီလိုအက်စ်ဘက်၊ ချင်းဟန် စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။          ။
Review Credit to 7day Daily
Translate by Tenshi Ko
Encoded by Hein Min Htet
Quality-Hdrip 720p
Size-480mb



No comments:

Post a Comment