One Piece Movie Collection
မင်္ဂလာပါ GC Anime ဖန်တို့ရေ…. အခုကျွန်တော်တင်ဆက်ပေးမယ့်ကားလေးတွေကတော့ One Piece movies တွေပဲဖြစ်ပါတယ် One Piece movie ဆယ့်သုံးကားရှိတဲ့အထဲ သုံးကားက ဆိုဒ်မှာ တင်ပြီးသွားခဲ့ပါပြီ အခုကျန်တဲ့ဆယ်ကားကိုတော့ ကျွန်တော် Morningstar Nainglin ကိုယ်တိုင် ဘာသာပြန်ပြီး တင်ဆက်ပေးမှာပါ ပထမဆုံး အန်ကုတ်လုပ်ထားတဲ့ကားတွေဆိုတော့ မကြည်တာ ဝါးတာများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါခင်ဗျ ဆိုဒ်ကိုအတတ်နိုင်ဆုံး ချုံ့ပေးထားပါတယ်ခင်ဗျ…. ကဲ ဇာတ်လေးတွေအကျဉ်းချုပ်ကို ပြောရရင်တော့….
One Piece Movie 1 : Gold Pirate (1999) ဒီကားလေးဟာ ၁၉၉၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ပထမဆုံး Op movie ပါ ပထမဆုံး အဖွဲ့ဝင် လေးယောက်စုံမှထွက်လာခဲ့တာပါ Luffy Zoro Nami Usopp တို့နဲ့ Merry Ship တို့ရဲ့ စွန့်စားခန်းခရီးစဉ်တစ်ခုပါ ရွှေပင်လယ်ဓားပြကြီး ဝူနန်ရဲ့ အကြောင်းနဲ့ Luffy တို့ရတနာ ရှာဖွေပုံအကြောင်းကို ရိုက်ကူးထားတာပါ
One Pice Movie 2 : The clockwork island advanture (2000) ဒီကားထဲမှာတော့ ပထမကားရဲ့ လေးယောက်အပြင် Sanji ပါ ပါလာပါပြီ သူတို့သင်္ဘောကိုသူခိုးညီတွေက ခိုးသွားလို့ ပြန်လည်ရယူတဲ့ စွန့်စားခန်း ရုပ်ရှင်လေးပဲဖြစ်ပါတယ်
Oje Piece Movie 3 : Chopper Kingdom and The Island of Strange animal (2001) ဒီကားလေးမှာတော့ Chopper လည်း ပါဝင်လာခဲ့ပြီး Chopper တစ်ယောက် ကျွန်း တစ်ကျွန်းပေါ်မှာ ဘုရင်ဖြစ်မှန်းမသိဖြစ်ပြီး ကျွန်းရဲ့ရတနာတစ်ခုကို သူတို့တတွေ ကာကွယ်စောင့်ရှောက် ကြပုံကိုရိုက်ကူးထား တာဖြစ်ပါတယ်ခင်ဗျာ
One Pice : Straw Hat Chase ကောက်ရိုးဦးထုပ်အခိုးခံလိုက်ရလို့ ပြန်ရှာတဲ့ကားလေးပဲဖြစ်ပါတယ်ဗျ
Review ကတော့ လေးကားပေါင်းရေးထားလို့ တစ်ကားချင်းစီ တိုသွားရင် တောင်းပန်ပါတယ်ဗျာ နောက်ခါကျသေချာရေးပေးပါ့မယ် အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ
Translated & Reviewed & Encoded by Morningstar NaingLinn
Size 600 Mb
No comments:
Post a Comment