Wednesday, July 11, 2018

Deadpool 2



Deadpool 2 (2018) 720 p DVD.Scr မြန်မာစာတန်းထိုး
============================================

(Warning : DVD Scranner version ဖြစ်ပါတယ် ရုံခိုးရိုက်ထက်တစ်ဆင့်ပိုသာတာကတော့ အသံပိုင်းပါပဲ စကားပြောသံဘာညာတွေ မပါတော့ပါဘူး
ရုပ်ထွက်ကလဲ ကြည့်ရမဆိုးဘူးလို့ပြောရမှာပါပဲ ရုံမှာမကြည့်ရသေးသူတွေအတွက် အာသာပြေတာပေါ့ဗျာ
credit scence ကတော့ ပါတယ်ဆိုပေမဲ့ စာဖိုင်ထဲမှာ စာပါမလာသေးတော့ ဘာသာမပြန်ထားပါဘူး web version လောက်ရမှပဲ ထည့်ရေးပေးပါတော့မယ်
နမူနာပုံလေးတွေလဲ ထည့်ပေးထားပါတယ် download သင့်မသင့်ကတော့ ကိုယ်တိုင်ပဲဆုံးဖြတ်ကြပေါ့)

Review

Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။ အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။ အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။
Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊
ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာ‌လည်း တော်တော်မိုက်တယ်။ တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။
Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။ Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။
မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။

Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ပြောင်နေတာတွေ ချည်းမို့ လုံးဝ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။
Ref လုပ်ပြီး ဟာသတွေထုတ်ထားတာတွေများတဲ့အတွက် အများစုကတော့ အားလုံးနားလည်မှာ မဟုတ်လောက်ဘူး။ And btw, နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းသားတစ်ယောက် cameo ပါသေးတယ်။
သေချာကြည့်ကြည့်ကြပေါ့ဗျ။ နောက်ထပ် Cameo ကတော့ IT ထဲက Pennywise လုပ်ခဲ့တဲ့ မင်းသား Bill Skarsgård လေးက Zeitgeist အဖြစ်ပါဝင်ထားတာပါပဲ

(အညွှန်းကို Datshin မှကူးယူဖော်ပြထားပါတယ်)

IMDB : 8.1/10
Rotten Tomatoes: 87%
Director : David Leitch
Cast: Ryan Reynolds, Josh Brolin, Morena Baccarin, Julian Dennison, T. J Miller
Production: Marvel Entertainment, Kinberg Genre, the Donners’ Company
Distribution: 20th Century Fox
Budget: $110 million
Running Time: 2hrs
Translator: Chan Myae Kyaw
Encoder: Zon Myat Noe Swe




   

😁😁😁 Thank 😁😁😁


No comments:

Post a Comment