God of War (2017) မြန်မာစာတန်းထိုး
ကဲ GC ပရိသတ်ကြီးရေ
ဒီတစ်ခါတော့ သမိုင်းနောက်ခံ စစ်ရာဇဝင် ဟောင်ကောင်ကားလေး ကြည့်ရအောင်

အဓိက ဇာတ်ဆောင်တွေကတော့
-Vincent Zhou (သွေးသစ္စာဓားက လျဲ့ဖုန်းပါ၊ ထိုက်ကျိမင်းသားကြီးဆိုလည်း ဟုတ်တာပေါ့)
-Sammo Hung (လားလား ဘယ်သူမှတ်တုံး ဂျက်ကီချန်းဘော်ဒါကြီး ဟုတ်ကျင်းပေါင်ပေါ့)
-Yasuaki Kurata (So Close ရဲ့ဗီလိန်ကြီးလေ၊ ဒီဂျပန်ဘီးဂျဲက နယ်နယ်ရရမဟုတ်ဘူးနော်၊ ကရာတေးသတ္တမအဆင့်၊ ဂျူဒို တတိယအဆင့်၊ အာခီဒို ဒုတိယအဆင့်တဲ့ဗျ)

ဇာတ်လမ်းက ၁၅၅၇ ခုနှစ် ဆိုတဲ့ အချိန်ကာလကို timeline ယူထားပါတယ် (တို့ဆီမှာတော့ ကုန်းဘောင်ခေတ်နှောင်းပေါ့)
အဲဒီခေတ်ဆိုတော့ အာရှတစ်လွှားမှာ နေမင်းရဲ့အနွယ်တော်ဆိုတဲ့ နိပွန်တွေ ချိုထောင်နေချိန်ပေါ့၊ ဒင်းတို့က သူတို့တိုင်းပြည် ကာကွယ်ရေးအသုံးစရိတ်အတွက် သူများတိုင်းပြည် ရေပိုင်နက်ထဲဝင် သူများလူမျိုး သင်္ဘောမှန်သမျှ ဓားပြတိုက်ပြီး ဘဏ္ဍာရှာသတဲ့ (တကယ့်အဖြစ်အပျက်နော်)
အဲ့ဒီအချိန်မှာ တရုတ်ခမျာလည်း မင်း အမတ်တွေ ညံ့ဖျင်း အကျင့်ပျက်လေတော့ အင်အားက ချိနဲ့နေလေရဲ့။ ကိုယ့်လူတောင် ကိုယ်အနိုင်နိုင်ထိန်းနေရတာ ဟိုနိပွန်ကောင်တွေကို ဘယ်မှာသာ သွားတီးနိုင်ပါ့မလဲ။ ဟိုကောင်တွေကလည်း အခွင့်ကောင်းပဲဆိုပြီး ဆိပ်ကမ်း မြို့တစ်မြို့ကို သိမ်း၊ စစ်တပ်အစောင့်အရှောက်နဲ့ ခံတပ်ပြုထားတာ အင်အားနှစ်သောင်းတောင် ဖြစ်လာပါလေရော။
နိပွန်တွေ အင်အားက ထုနဲ့ ထည်နဲ့ဖြစ်လာပြီလည်းကြားရော အဲဒီ့တော့မှ နန်းတွင်းအမိန့်နဲ့ ကျူးကျော်သူကို တွန်းလှန်ချေမှုန်းဖို့ စစ်သူကြီး ယူ (Sammo Hung) လည်း ကသောကပါးအပြေးသွားရတော့တယ်။ နို့ပေမယ့် မိုးလွန်မှ ထွန်ချဆိုသလိုကိုးခင်ဗျ။ ယူ စစ်သူကြီးဆိုတာကလည်း လက်ရုံးရည်သာရှိတယ်၊ နှလုံးရည်က သူသူငါငါထက်မပိုလေတော့ ခံတ်ကို ဝိုင်းဝန်းပိတ်ဆို့လုပ်ကြံရာမှာ အချိန်သာ ငါးလကြာတယ် ရေထဲအရုပ်ရေးသလို အရာကိုမထင်ဖြစ်ပါလေရော။ ကြံရည်ဖန်ရည်ကောင်းလွန်းတဲ့ နိပွန်စစ်သူကြီး (Yasuaki Kurata) လက်ချက်နဲ့ သေလိုက်ရတဲ့ ရဲမက်တွေဆိုတာလည်း မနည်းဘူးပဲ။
မနေသာတဲ့ အမတ်ကြီးတစ်ယောက်ခမျာမှာ သူ့တပ်သူလွှတ် သူ့စရိတ်သူခံပြီး စစ်သူကြီး ချီဂျီဂွမ် (Vincent Zhou) ကို စစ်ကူပို့လိုက်ရတယ်။ မျက်နှာပျက်စရာဖြစ်ရတဲ့အတွက် ယူစစ်သူကြီးလည်း နောက်ရောက်တဲ့ရွှေမင်းသား ချီစစ်သူကြီးကို အမြင်မကြည်သလို လူငယ်ဆိုပြီး အထင်လည်း မကြီးဘူးပေါ့။ ဒင်းကလည်း ရောက်ကတည်းက တစ်ပွဲမှ မဆော်ပဲ တစ်နေ့တစ်နေ့ တပ်ကြီးခေါ်သွားလိုက်၊ သူများခံတပ် ခပ်လှမ်းလှမ်းက ကြည့်ပြီး ပြန်လာလိုက်နဲ့ကိုးဗျ။
နေသာလည်းမတိုက် မိုးရွာလည်းမတိုက်နဲ့ သူ့တပ်မှူးတွေကတောင် မေးခွန်းထုတ်ချင်လာရော။ သူကလည်း သူ့အကြံနဲ့သူကိုး။ တိုက်ပြီလဲဆိုရော ဘာပြောကောင်းမလဲ။ နိပွန်တွေခဗျာ ကလိမ်ကကျစ်ကျလွန်းတဲ့ ချီစစ်သူကြီးလက်ချက်နဲ့ တစ်ချိုးတည်းပြေးရပါလေရော။ (ဒါတောင် ပြန်ကလိမ်ကျခဲ့သေးတာနော်၊ အဲဒါတော့ ပြီးမှကြည့်ပေတော့)
ယူစစ်သူကြီးလည်း အဲဒီတော့မှ congratulation ညေးတွေ ဘာတွေ ဖြစ်သွားရော။
နိုင်မယ်သာနိုင်တယ် ချီစစ်သူကြီးနဲ့ သူ့ဆရာအမတ်ကြီးခမျာမှာ ရတက်မအေးရသေးပါဘူး။ နိပွန်ရန်ကို အမြစ်ကနေ တွန်းလှန်ဖို့ကလည်းရှိသေးတာကိုး။ ချီစစ်သူကြီးက ကျူငုတ်ပါခုတ်မယ့်တိုက်ပွဲ အတွက် အမတ်ကြီးပေးတဲ့ တပ်ကို အားမရပါဘူး။ သူ့စိတ်ကြိုက် တပ်အသစ်ဖွဲ့စည်းပြီးမှ စစ်ဆင်ချင်ပါတယ်။ အထက်က ခွင့်ပြုဖို့အရေးကျတော့လဲ မလွယ်သေးတာမို့ သူလုပ်နိုင်တာလေးတွေ ကြိုလုပ်ရင်း အလုပ်က ရှုပ်မြဲရှုပ်နေ၊ မိန်းမက ငြူစူ၊ အထက်က လည်း တစ်မျိုးနဲ့ပါ။
နောက်ဆုံးမှာတော့ အခက်အခဲပေါင်းစုံကြားကနေ အင်အား ၃၁၀၀ ကျော်ရှိတဲ့ တပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မပျော်နိုင်သေးပါဘူး။ ရန်သူအင်အားက ၂၀၀၀၀ ထက်မှ မလျော့ပဲကိုး။ အချိန်ကလည်း ဆွဲမရတော့ပါဘူး။ အထက်က တိုက်ပွဲအတင်းဝင်ခိုင်းနေတော့ အချိန်ကြာရင် ပြည်သူတွေအတွက်ပဲ မကောင်းဖြစ်မှာကို ထောက်ဆပြီး ချီစစ်သူကြီးခင်ဗျာ မာန်တင်းပြီး စစ်ချီခဲ့ရပါတော့တယ်။
ကဲ ဇာတ်လမ်းရဲ့ အနှစ်တွေဖြစ်တဲ့ ချီစစ်သူကြီး တပ်သားသစ်တွေ ဘယ်လိုစုဆောင်းခဲ့တယ်၊ အင်အားနည်းသည်များသည်မှာ သာမည တိုက်ရည်ခိုက်ရည်နဲ့ ရဲစွမ်းသတ္တိသာ ပဓာနဆိုတဲ့ မူကိုလက်ကိုင်ထားပြီး ဆွန်ဇုရဲ့ စစ်ဗျူဟာတွေနဲ့ ဘယ်လို တိုက်ပွဲဝင်ခဲ့တယ်၊ စစ်သူကြီးကတော်ဖြစ်ပြီး ပြည်သူကို မထားခဲ့နိုင်ဘူးဆိုတဲ့ မိန်းသားတစ်ယောက်က ကျူးကျော်သူ့ရန်ကို ဘယ်လိုအံတုခဲ့တယ်၊ ပြည်ထောင်နှစ်ခု လူမျိုးနှစ်မျိုး စစ်သူကြီးနှစ်ဦးတို့ ဘယ်လို အားပြိုင်ကြမယ်ဆိုတာကတော့ ဇာတ်လမ်းလေး ကြည့်မှပဲ ခံစားကြပါဦးစို့။ ။

Review & Translate by: Yar Su
Encode by: Sai KO
Quality 720PHDTS
Size 800MB
Encode by: Sai KO
Quality 720PHDTS
Size 800MB
😁😁😁😁😁😁😁
No comments:
Post a Comment