Thursday, July 12, 2018

Journey’s(2017)


Journey’s End (2017) မြန်မာစာတမ်းထိုး
ဒီဇာတ်​ကား​လေးက​တော့ စစ်​ကား​လေးပါ စစ်ကားဆို​ပေမယ့်​ တစ်​ကားလုံးတိုက်​ခိုက်​​နေတဲ့အကြမ်းကားမဟုတ်​ပါဘူး နှစ်​နိုင်​ငံ လက်​ရည်​တူ​နေပြီး စစ်​ပွဲအရှည်​ကြီးကို နားလိုက်​တိုက်​လိုက်​လုပ်​နေရတဲ့အခါ ​နေရာ​ကောင်း​တွေက​နေ ပုန်း​အောင်းပြီး တစ်​ဘက်​က စမယ့်​အချိန်​ ဒါမှမဟုတ်​ ကိုယ့်​ဘက်​က အားသာမယ့်​အချိန်​ တိုက်​ခိုက်​ဖို့ ​စောင့်​​နေတဲ့အချိန်​အတွင်းမှာ ဖြတ်​သန်း​နေရတဲ့ စစ်​သား​တွေဘဝကိုရိုက်​ပြထားတာပါ ဘယ်​သူမဆို မိသားစုနဲ့ ခွဲပီး​နေချင်​ပါ့မလဲ​နော်​ နိုင်​ငံနဲ့ မိသားစုလွန်​ဆွဲတဲ့အခါ နိုင်​ငံနဲ့ပြည်​သူကို ကာကွယ်​ချင်​တဲ့စိတ်​နဲ့ ​ရှေ့တန်းမှာ​နေ​နေရ​ပေမယ့်​ မိသားစုကိုအမြဲလွမ်း​နေရတယ်​ ဒဏ်​ရာ​​တွေ ရ​နပေမယ့်​လဲ ​ဆေးရုံ​ဆေးခန်းဆိုတာ ဘယ်​ဆီ​နေမှန်းမသိကြရဘူး ဒဏ်​ရာ​တွေနဲ့ပဲ တစ်​ဖက်​ကတိုက်​ခိုက်​လာမှာဆိုးလို့ အမြဲသတိဆွဲ​နေရတယ်​ အရာရှိ​ကောင်း​တွေ တပ်​ကြပ်​​ကောင်း​တွေ​နေရာကလဲ သူတို့ပဲထွက်​တိုက်​လိုက်​ချင်​တဲ့စိတ်​ စစ်​သားငယ်​ငယ်​​လေး​တွေ ​ပျော်​​နေရမယ့်​အချိန်​ ​တောထဲဒုက္ခလာခံ​နေရတာကို ရင်​နာ​နေကြရတယ်​ ဒီလိုနဲ့တစ်​​နေ့ ဂျင်​မီဆိုတဲ့ ဗိုလ်​​လောင်း​လေးတစ်​​​ယောက်​ အဲ့ဒီ​နေရာကိုမှ တာဝန်​ကျချင်​တယ်​ ငရဲဆိုတာ ဘာလဲသူသိချင်​တယ်​တဲ့ အဲ့လိုနဲ့ စစ်​ပွဲဆိုတာ သူလက်​​တွေ့ မကြုံဖူး​သေးဘူးပဲနဲ့ အဲ့ဒီ​နေရာကို​ရောက်​လာတဲ့အခါ ​နေရ စားရ​သောက်​ရတာ​တွေ​ရော ဘယ်​လိုဖြစ်​မလဲ ​ရှေ့တန်းထွက်​ရတဲ့အခါ​ရော သူ့အဆုံးသတ်​လှမလားဆိုတာ ကြည့်​ကြည့်​လိုက်​ပါဦး​နော်​ စစ်​သား​တွေရဲ့ဘဝက အရမ်း​လေးစားစရာ သနားစရာ ဂုဏ်​ယူစရာ​ကောင်းတာကို ရိုက်​ပြထားတဲ့ ဇာတ်​​ကား​ကောင်း​လေးဖြစ်​ပါတယ်
Translated & Reviewed by Hnin Thazin Win
Encoded by k
Quality Bluray
Size 770/240 MB
IMDB 6.9
Genres Drama, War
Runtime 1h 47min
HD Link

SD Link


No comments:

Post a Comment