Thursday, July 12, 2018

MIMIC




ဇာတ်လမ်းအကြောင်းလေး စမပြောခင် ကိုရီးယား ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် ချီးမွမ်းခန်းလေး ဖွင့်ချင်တယ်..
အရင်တုန်းက ကိုရီးယားကားဆိုတဲ့ အသံကြားရင် အရင်ဆုံးပြေးမြင်တာက မင်းသား မင်းသမီး ခပ်ချောချောတွေနဲ့ အချစ်ဇာတ်လမ်း ဒရာမာ ကားတွေဆိုပြီး အပေါ်ယံ သာသာ ထင်မြင်ချက်တွေနဲ့ ပြောခဲ့ကြတယ်..နောက်ပိုင်း ကိုရီးယား ရုပ်ရှင်တွေရဲ့ အရည်အသွေးက အထင်နဲ့ အမြင်ကို တစ်ခြားစီ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့တယ်..
ရုပ်ရှင် အရည်သွေးပိုင်းမှာဆိုရင်လည်း အနုပညာ အမျိုးအစားအလိုက် အသိအမှတ်ပြုခံရပြီး ထူးချွန်ဆုတွေပါ ရရှိခဲ့သည် အထိ အောင်မြင်ခဲ့တယ်..အဲ့ထဲကမှ အခု လို horror ရုပ်ရှင် အမျိုး စားတွေဆိုရင် ကိုးရီးယား ရုပ်ရှင်တွေက ပို၍ ခြောက်ခြားဖို့ကောင်းနေပြန်ပါတယ်..2016တုန်းက ထွက်ခဲ့တဲ့ ကိုရီးယား နာမည်ကြီး သရဲကား ဖြစ်တဲ့ The Wailing ဆိုရင်လည်း ရုပ်ရှင်ပြီးတဲ့ အချိန်မှာ ကျောချမ်းလောက်အောင်အထိ ခြောက်ခြားပြီး ဇာတ်လမ်းရဲ့ လှည့်ကွက်တွေနဲ့ အတူ ပရိတ်သတ်ကိုပါ ဆွဲခေါ်သွားနိုင်တဲ့ အထိ တင်ဆက်ပုံ ကောင်းခဲ့ပါတယ်..အဓိက ပြောချင်တာကတော့ ကိုရီးယား horror ရုပ်ရှင်တွေဆို ပုံမှန်ထက် ပိုခြောက်ခြားဖို့ ကောင်းနေတာပါပဲ…The Mimic အကြောင်းလေး ပြန်ဆက်ရအောင်……
ဇာတ်လမ်း
~~~~~~~~~~
ညသန်းခေါင်ယံအချိန် အမှောင် ကမ္ဘာထဲ အမျိုးသားတစ်ဦး ကြောက်လန့် ခြောက်ခြားစွာနဲ့ ကားမောင်းနေသည်..သူ့ဘေးမှာ အမျိုးသမီးတစ်ဦး လိုက်ပါလာပြီး ထိုအမျိုးသမီးလည်းပဲ တစ်စုံတစ်ရာကို ကြောက်နေပုံ ရသည်..ထိုအချိန်ကားရှေ့မှာ ဖြတ်ပြေးလာတဲ့ ခွေးတစ်ကောင်ကို တိုက်မိသွားခဲ့သည်..
အမျိုးသားကားပေါ်က ဆင်းပြီး ထိုသေသွားသည့်ခွေးကို ကောက်ယူပြီး နောက်ဖုံးထဲ ထည့်ဖို့ ဖွင့်လိုက်တဲ့ အချိန်.. အထဲတွင် အမျိုးသမီးတစ်ဦးကို ကြိုးနှင့်ချည်ထားပြီး ထည့်ထားသည်ကို တွေ့ရသည်..ခွေးသေကို ထိုအမျိုးသမီးဘေးမှာပင် ထားလိုက်ပြီး ကားအဖုံးပြန်ပိတ်ပြီး ဆက်၍မောင်းလာခဲ့သည်..
သူတို့အမြန်ရောက်စေချင်နေတဲ့ နေရာ ရောက်သည်နှင့် အမျိုးသားက တားမြစ်ထားသည့် အဆောက်အဦးတစ်ခုကို ကာရံထားသည့် အုတ်တွေကို စတင်ဖြိုတော့သည်.. ပြီးနောက်ကြိုးချည်ထားသည့် အမျိုးသမီးကို ထိုအဆောက်အဦးထဲသို့ထည့်ပြီး အုတ်တွေကို ပြန်ပိတ်လိုက်သည်..သို့ပေမဲ့ အုတ်ချက်တစ်ခုက ပွင့်နေခဲ့ပြီး ထိုအထဲကနေ အသံတစ်သံ ထွက်လာသည်..
ထိုအသံမှာ အပြင်မှာ ရှိတဲ့ အမျိုးသားရဲ့ စကားသံတွေကို အပေါက်ကနေ ပြန်ကြားနေရခြင်းပင်..
အသံတုပုံစံ လုပ်ပြီး အထဲကနေ မိန်းမအသံနဲ့ လှမ်းပြောနေသည်မှာ ညနက်ထဲ ပိုလန့်စရာ ကောင်းလာသည်……….
ဒါက ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအစပင်…
နောက်ရက်ပိုင်းအကြာမှာတော့ မိသားစုတစ်စု ထိုရပ်ကွက် ကိုပြောင်းရွှေ့လာခဲ့သည်..လင်မယားနှစ်ယောက်နှင့် သမီးငယ်လေးတစ်ဦး အပြင် အမျိုးသမီးဖက်ကပါလာတဲ့ နာမကျန်း ဖြစ်နေသည့် အမေအိုတစ်ယောက် ရောက်ရှိလာခဲ့သည်..တည်ငြိမ်အေးချမ်းနေတဲ့ ထိုမိသားစုလေးဆီကို ရောက်ရှိလာတာကတော့ အသံတွေပဲ ဖြစ်သည်..တစ်ရက် အိမ်နီးချင်း ကလေးနှစ်ယောက်ရဲ့ ခွေးလေးပျောက်နေတာကို ရှာဖွေရင်း ဘယ်ကမှန်း မသိတဲ့ ကလေးမလေး တစ်ယောက်ကို သူတို့လင်မယားနှစ်ယောက် တွေ့ခဲ့ကြသည်..ထိုကလေးမကို မိန်းမဖြစ်သူက မွေးစားချင်ပေမဲ့ ယောက်ျားဖြစ်သူကို မလွန်ဆန်နိုင်တာကြောင့် အခွင့်အရေးမရခဲ့တဲ့ အပြင် ထိုကလေးမလေး ပျောက်သွားခဲ့သည်…ထိုညတွင် ထိုကလေးမလေး သူတို့နေတဲ့ အိမ်ရှေ့ကို ရောက်လာခဲ့ပြန်သည်..မိန်းမဖြစ်သူက ကလေးကို အိမ်ထဲခေါ်ပြီး မွေးစားထားလိုက်သည်..ထိုကလေး ရောက်လာပြီး နောက်ပိုင်းမှာပဲ နာမကျန်းဖြစ်နေတဲ့ အဖွားရဲ့ အခြေနေမှာ ပိုဆိုးလာပြီး သူတို့မထင်ထားတဲ့ အကြောင်းအရာတွေပါ သိလာခဲ့ရသည်…
သူတို့လင်မယား နှစ်ယောက်မှာ သေဆုံးသွားပြီလို့ ထင်ထားတဲ့ သားလေးတစ်ဦး အရင်က ရှိခဲ့ဖူးပြီး ထိုအကြောင်းတွေကိုလည်း ကလေးမလေးက သိနေပြန်သည်…
သားဖြစ်သူကို မိန်းမ ဖြစ်သူက ပျောက်သွားတယ်လို့သာ ထင်နေပြီး တစ်နေ့နေ့ ပြန်တွေ့နိုင်မယ်လို့ ယုံကြည်နေခဲ့တာ ယနေ့အထိပင်…တစ်ရက်မှာတော့ နာမကျန်းဖြစ်နေတဲ့ အဖွားဖြစ်သူုမှာ အသံတွေကြားနေရပြီး နောက်ပိုင်း အသံခေါ်ရာနောက်ကိုလိုက်ပြီး ပျောက်သွားတော့သည်..
အဖွားကို လိုက်ရှာဖို့လုပ်တဲ့ အမျိုးသားလည်း ပျောက်သွားခဲ့ပြန်သည်..
အမျိုးသမီးကတော့ ကလေးမလေးအကြောင်း ကို သိထားသည့် အတွက် အကူညီတောင်းပြီး ရှာဖို့လုပ်ရတော့သည်……..
နောက်ဆုံး အမျိုးသမီးသူ့ယောက်ျားနဲ့ အမေကို ပြန်ရှာတွေ့နိုင်မလား…ဒီကလေးမလေးရဲ့ အတိတ်မှာကော ဘာတွေရှိခဲ့လဲ..ကလေးမလေးဟာ သူတို့ပျောက်နေတဲ့ ကလေးကိုကော ဘာကြောင့်သိနေခဲ့တာလဲ..
အမျိုးသမီးကကော ဒီကလေးမလေးကို တကယ်ယုံရပမလား
အရင်တုန်းက သားလေးကော ပြန်တွေ့နိုင်ပမလား..
ထိုအရာတွေအကုန်လုံး သိရဖို့ ကလေးမလေးနဲ့ အမျိုးသမီးတို့ အသံတွေ ထွက်ပေါ်လာတဲ့နေရာကို နောက်ဆုံးတော့ ရောက်လာခဲ့ကြရတော့သည်…
ထိုနောက်ပိုင်းဘာဖြစ်မယ်ဆိုတာ ကိုတော့ ရုပ်ရှင်ကို ကြည့်ပြီး ဆက်လက် ရင်ခုန်ရမည်ပင်..




Review Crd #MMDB_Reviews #TheMimic #SMax
Translated by Apl Lajawn
Encoded by Lwin Naung
Quality Webdl
Size 720/220 MB
IMDB 5.5
Genres  Drama, Fantasy, Horror
Runtime 1h 40min

HD Down link; 


SD Down link



😁😁😁 Thank 😁😁😁

No comments:

Post a Comment