Thursday, July 12, 2018

Oldboy (2013)


Oldboy (2013) မြန်မာစာတန်းထိုး
=========================
၁၉၉၃ ခုနှစ်ကအရက်စွဲနေတဲ့ ဂျိုးဆက်ပ်ဂျိုးဒေါ့ဆက်ဟာ ဒေါသတွေနဲ့ အမြဲလိုပြည့်နှက်နေပြီး မိတ်ဆွေဆိုလို့ ဘားဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ချက်ကီ တစ်ဦးတည်းသာ ရှိပြီး သုံးနှစ်သမီး မီယာကို စွန့်ပစ်ထားသလို ဇနီးဟောင်း ဒွန်နာနဲ့လဲ ခပ်တန်းတန်းဆက်ဆံရေးပဲရှိပါတယ်။ တစ်နေ့မှာ ရုတ်တရက်ဆိုသလို အရက်ဆိုင်က အပြန်မေ့အောင်ရိုက်ပြီး ပြန်ပေးဆွဲခံလိုက်ရပြီး အခန်းတစ်ခုထဲမှာ သူ့ကို နှစ် ၂၀ ကျော်ကြာ လှောင်ပိတ်ခံခဲ့ရတယ်။ ဒီနှစ်တွေထဲမှာ ဒွန်နာဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး အဲ့ဒီလူသတ်မှုအတွက် သူ့ကို စွပ်စွဲထားကြောင်း သူ့ သမီး မီယာကိုတော့ မိသားစုတစ်ခုက ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းတွေသိခဲ့ရတယ်။ သူ့ကို ဘယ်သူက ဘာကြောင့်ဖမ်းထားခဲ့လဲဆိုတာ မသိပဲနဲ့ မမျှော်လင့်စွာ လွတ်မြောက်ခဲ့ပြီးတဲ့နောက် လူသားခြင်းစာနာမှုလူမှုဝန်ထမ်း မာရီဆတ်ဘေးရှန်းနဲ့ မိတ်ဆွေဟောင်း ချက်ကီတို့ကို တွေ့ဆုံခဲ့တယ်။ သူတို့ သုံးယောက်ပူးပေါင်းပြီး သူ့ကိုပြန်ပေးဆွဲခဲ့သူ ဘယ်သူလဲ ဘာကြောင့်လဲဆိုတာ ရှာဖွေစုံစမ်းကြရမှာဖြစ်ပါတယ်။ ဒီကားဟာ ပတ်ချန်ဝုဒ်နဲ့ နာမည်ကျော် ဂန္ဓ၀င် vengeance trilogy ထဲက ဒုတိယကားဖြစ်တဲ့ oldboy ကို မူရင်း နာမည်အတိုင်း ပြန်လည်ရိုက်ကူး ထားတာဖြစ်ပါတယ်။ မူရင်းကားကို မမှီဘူးလို့ ဝေဖန်ချက်တွေရှိပေမယ့် မူရင်းကားကိုမကြည့်ဖူးသေးသူတွေ အမြည်းအနေနဲ့ ကြည့်ထားသင့်ပြီး ကြည့်ကောင်းတဲ့အထဲမှာ ပါပါတယ်။
(အညွှန်းနဲ့ ဘာသာပြန် ကိုဝေဟံလင်းထင်ဖြစ်ပါတယ်)
File size: 860mb
HD Download link:



😁😁😁 Thank 😁😁😁






No comments:

Post a Comment